Chapter 53- Summer cold 1

3.7K 734 4
                                    

Unicode

ထိုစကားကြောင့် လင်းရှ ပြန်ထိုင်လိုက်ရသည်။

ဖုန်းတစ်ဖက်မှ လူက စကားတွေ ထပ်ပြောနေပြီး ဟောပိုင်ကတော့ စိတ်ရှုပ်နေပုံရ၏။ ဟောပိုင်က လင်းရှကိုကြည့်ရင်း တစ်ဖက်လူ၏ စကားကို ဖြည်းဖြည်းချင်း ပြန်​ဖြေနေသည်။
" ကျွန်တော် နားလည်ပြီ အန်တီပြောချင်တာက အန်တီ့ရဲ့သမီးကို Little Mermaid ရဲ့ မထွက်ရသေးတဲ့ ဒီဇိုင်းထဲက သူကြိုက်တဲ့ set ကို ရွေးပြီးတဲ့ ကျွန်တော်နဲ့ ဓာတ်ပုံရိုက်စေချင်တာ ဒီလိုလား"

လင်းရှက ဟောပိုင်စကားကြောင့် မျက်ခုံးတွန့်ကာ မကျေမနပ်ဖြစ်သွားသည်။

" ဟုတ်ပါတယ် ဓာတ်ပုံဆရာဟောနဲ့ ကျွန်မရဲ့သား ချိုးဟယ်နဲ့က အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေလို့ ကြားပါတယ်.. အဲ့ဒါကြောင့်မို့ ကျွန်မတို့ ပူးပေါင်းဖြစ်ရင် ချိုးဟယ်လဲ သဘောကျမယ်ထင်ပါတယ် သူက သူ့ညီမလေးကို အရမ်းချစ်တာမို့လို့လေ"
ချင်းလီက အသံချိုချိုသာသာ ပြောနေပေမဲ့ အထက်စီးဆန်သည်က အတော်သိသာ၏။

ဟောပိုင်က လင်းရှမျက်နှာမသာမယာဖြစ်နေသည့်အတွက် မထုတ်ရသေးသည့် ဒီဇိုင်းကို တခြားသူကို မငှားချင်​မှန်း သိလိုက်ရ၍ ယဥ်ကျေးသည့်လေသံနှင့် ပြန်ဖြေသည်။
" ဟုတ်ကဲ့ အန်တီ့ရဲ့သားနဲ့ ကျွန်တော်က တကယ်ရင်းနှီးတဲ့ မိတ်ဆွေတွေပါ ဒါပေမဲ့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကွဲကွဲပြားပြားသိကြတဲ့သူတွေပါပဲ.. ကျွန်တော်က အခု Little Mermaid ဒီဇိုင်းကို ဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာသက်သက်မို့လို့ ဒီဇိုင်းကို ရွေးချယ်ခိုင်းခွင့်လဲ မရှိသလို ကိုယ့်သဘောနဲ့ကိုယ်လဲ ရိုက်ခိုင်းလို့မရပါဘူး.. အန်တီ့ရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ် ဒီအကြောင်းကိုလဲ Little Mermaid ဒီဇိုင်းတာဝန်ရှိသူကို အကြောင်းကြားလိုက်ပါ့မယ် Little Mermaid ကို စိတ်ဝင်စားတဲ့အတွက် နောက်တစ်ခါထပ်ပြီး ကျေးဇူးတင်ပါတယ်ခင်ဗျ.. ဂရုစိုက်ပါ"
စကားဆုံးသည်နှင့် ဟောပိုင်က ဖုန်းချပြီး လင်းရှကို မော့ကြည့်သည်။

လင်းရှက သူ့အဖြေကြောင့် စိတ်ချမ်းသာသွားကာ ပြန်မေးလိုက်သည်။
" Little Mermaid ဒီဇိုင်းကို ငှားချင်တဲ့သူက Huangdu ရဲ့ သူဌေးကတော် ချင်းလီလား"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now