Chapter 34 - သရဲခြောက်ခံရခြင်း 3

4.4K 801 2
                                    

Unicode

ဟောပိုင်က တိချိုးဟယ်ဖုန်းကို အလောတကြီးခေါ်ကြည့်တော့ စက်ပိတ်ထားလေသည်။ အတက်အကျမရှိသော အမျိုးသမီး၏လေသံကိုသာ ထပ်တလဲလဲ ကြားနေရသောအခါ စိတ်ထဲတွင် ​ကြောက်စိတ်ဝင်လာသည်။ လက်ဖဝါးချင်းပွတ်ကာ လူရှင်းနေသည့်အဆောင်ကို တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် ဟောပိုင်မှာ အဝတ်အစားနှစ်စုံကို ကျောပိုးအိတ်ထဲ ကောက်ထည့်ကာ နျို့ကျွင်းကျယ်ဆီ ဖုန်းလှမ်းဆက်သည်။
" လောင်ဆန်း...အစ်ကို... အစ်ကို B မြို့မှာပဲ ရှိသေးတယ်မလား..ကျွန်တော်တို့အဆောင်က... သရဲခြောက် နေ တယ်.. အစ်ကို ကျွန်တော့်ကို လာခေါ်.."

နျို့ကျွင်းကျယ်မှာ အပျော်စီးရွက်လှေပေါ်တွင် ကြည်နူးစရာအချိန်များကို ကုန်ဆုံးနေခြင်းဖြစ်၏။
" ဟယ်လို.. ရှောင်ပိုင်လား.. အဆောင်မှာ သရဲခြောက်လို့???"

လက်ထောက်ဝမ်က ဖုန်းကို တိချိုးဟယ်ဆီပေးကာ အသံတိုးတိုးနှင့်ဆိုသည်။
"  သူဌေးက အခုတလော သူ့ဆီဆက်သွယ်ရတာ အခက်အခဲဖြစ်မှာစိုးလို့တဲ့...လိုအပ်ရင် ဒီဖုန်းနဲ့ ဆက်သွယ်ပါလို့ ပြောလိုက်တယ်"

လက်ထောက်အန်လဲ ရောက်လာသည်။
" သခင်လေး လေယာဥ်ပေါ်တက်လို့ရပါပြီ"

" အင်း.. လေယာဥ်ပေါ် အရင်တက်ရအောင်"
တိချိုးဟယ်က သုံးမိနစ်လောက်သာ သုံးရသေးသောဖုန်းကို စက်ပိတ်လိုက်သည်။ ထို့နောက် စိတ်ကြည်လင်နေပုံနှင့် နေကာမျက်မှန်တပ်ရင်း ​ပြော၏။
" မင်းတို့နှစ်ယောက်လုံး ဒီရက်ပိုင်းအရမ်းပင်ပန်းနေဲတာ.. B မြို့ပြန်ရောက်တာနဲ့ မင်းတို့ကို နားရက်တစ်ရက်ပေးမယ်"

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြပြီးနောက် လက်ထောက်ဝမ်က ပြန်ဖြေသည်။
" လုံးဝမပင်ပန်းပါဘူးဗျာ.. ပြန်ရောက်ရင် သခင်လေးလဲ လုပ်စရာတွေအများကြီးရှိနေမှာပဲ.. ကျွန်တော်တို့ တစ်ယောက်ပြီးမှ တစ်ယောက်နားရင် ဘယ်လိုလဲ.. အလုပ်လဲ ပြီးမယ် နားလဲနားရမယ်"

တိချိုးဟယ်က လက်ထောက်ဝမ်၏ ရည်ရွယ်ချက်ကို မသိချင်ယောင်ဆောင်ကာ  သဘောကျသည့်ဟန်နှင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။
" မင်းတို့သဘောပါပဲ.. မိန်းကလေးကို ဦးစားပေးရမှာပေါ့.. လက်ထောက်အန်းက အရင်နားလိုက်။ လက်ထောက်ဝမ်က ရက်နည်းနည်းလောက် ထပ်လုပ်ပေးဦးပေါ့"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now