Chapter 10- အကျင့်မကောင်းဘူး

7K 1.2K 38
                                    

Unicode

နျို့ကျွင်းကျယ်ထံမှ စပွန်ဆာရထားသော laptop ဖြင့် ဟောပိုင်တစ်ယောက် ဓာတ်ပုံ တည်းဖြတ်ခြင်းကို အချိန်ပြည့် အာရုံစိုက်နိုင်တော့၏။

Saint Elephant ဓာတ်ပုံတိုက်မှ ရသော လစာမှာလဲ အခြေခံလစာအပြင် ဓာတ်ပုံတစ်ပုံ တည်းဖြတ်တိုင်း အပိုဆောင်းငွေ ရသေးသည်။ လူသစ်ဖြစ်သည့်အပြင် အချိန်ပိုင်းသာလုပ်သည့်အတွက် လစာမှာ ၁၂၀၀ ယွမ်သာရပြီး အကယ်၍ အချိန်မီ အလုပ်မအပ်နိုင်ပါက ပိုက်ဆံအဖြတ်ခံရမည်ဖြစ်၏။ သို့သော် သူကံကောင်းသည်က ဓာတ်ပုံအရေအတွက်မှာ သိပ်မများသောကြောင့် အချိန်မီပြီးရန် အားစိုက်စရာမလိုပေ။

ဓာတ်ပုံတည်းဖြတ်သူတွေအတွက် လစာက ကျယ်ပြန့်သည်။ အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ဆိုလျှင် ဓာတ်ပုံတစ်ပုံထဲနှင့် တစ်ရာကျော်ကနေ တစ်ထောင်နီးပါးအထိ ဝင်ငွေရနိုင်သည်။ သို့သော် သူ့လို လက်သစ်တစ်ယောက်အတွက် အလွန်စေးကပ်သော ဓာတ်ပုံဆိုင်က တစ်ပုံတစ်ယွမ်ပေးရင်တောင် ဘယ်သူမှ မငြင်းရဲပေ။ ကံကောင်းသည်က လီရု မှာ သဘောကောင်းသော ဒါရိုက်တာတစ်ယောက်ဖြစ်ကာ အရည်အချင်းရှိသူကို မြှောက်စားတတ်သည့်အတွက် သူ့ကို ဓာတ်ပုံတစ်ပုံလျှင် ဆယ်ယွမ်ပေးသည်။

အလုပ်မြန်သည့် ဓာတ်ပုံတည်းဖြတ်သူတစ်ယောက်က တစ်နေ့ကို ဓာတ်ပုံရာကျော် တည်းဖြတ်နိုင်၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုသာ ထိန်းနိုင်ပါက တစ်နေ့ တစ်နေ့ ဝင်ငွေ မဆိုးသော်လဲ ပင်ပန်းလွန်းလှသည်။ ဟောပိုင်က အချိန်အကြာကြီး ထိုင် တည်းဖြတ်မနေ။ နွေရာသီအတွက် စုမိဆောင်းမိလောက်ရှိရန်နှင့် နောက်နှစ် ကျောင်းလခပေးရန်လုံလောက်လျှင် သူက အလုပ်ထွက်မည်ဟု စီစဥ်ပြီးသားပင်။

Saint Elephant မှ တည်းဖြတ်ခိုင်းသော ပုံများမှာ များသောအားဖြင့် လူပုံများသာ ဖြစ်၏။ ကလေးငယ်များ၏ ဓာတ်ပုံများက အတော်များသည်။ ထို့အပြင် ရှုခင်းကို အခြေခံသော ကြော်ငြာများလဲ ပါသေး၏။ ထိုအလုပ်က ကျွမ်းကျင်မှု သိပ်မလိုပဲ တစ်နေ့ ဆယ့်နှစ်ပုံတော့ အသာလေးပြီးသဖြင့် ဝင်ငွေဖြောင့်၏။

သည်နေ့အတွက် တည်းဖြတ်ပြီးသည့် ပုံများကို e mail မှ တစ်ဆင့် ဆိုင်သို့ ပို့လိုက်ပြီး ဟောပိုင်အကြောအချင် ဆန့်လိုက်သည်။ အချိန်ကိုကြည့်တော့ ည ဆယ့်တစ်နာရီပင် ခွဲနေပြီ။ ထို့ကြောင့် laptop ကို ပိတ်ကာ ရေချိုး၍ အိပ်ရာဝင်ခဲ့သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now