Unicode
" ဘာ?? C မဂ္ဂဇင်းက နောက်နှစ်ငါတို့နဲ့ အတူရိုက်ဖို့စီစဥ်ထားတာတွေ အကုန်လုံးကို ဖျက်သိမ်းလိုက်ပြီ ဟုတ်လား.. သူတို့ စပွန်ဆာတွေ တစ်ခုမှ မလိုချင်တော့ဘူးလား."
တိဘီရန်က သူ့လက်ထဲမှ စာရွက်များကို လွှင့်ပစ်လိုက်သည်။ မွန်းကြပ်လာသဖြင့် ရင်ဘတ်ကို ဖိထား၏။
" ဘာတွေဖြစ်ကုန်တာလဲ.. ယွီဟွေ့က ရုတ်တရက်ကြီး အဲ့ကောင်ကို သွားကူရတာလဲ.. မင်းတို့ ကောင်တွေ စောက်သုံးမကျတာ အလုပ်လေးတစ်ခုတောင် ပြီးအောင်မလုပ်နိုင်ဘူး.. ဟမ်"လက်ထောက်က ခေါင်းမော့ကာ ပြန်ဖြေသည်။
" ကျွန်တော်တို့ရဲ့ အကြောင်းရင်းသေချာမသိရသေးပါဘူး.. ဟောပိုင်ကို အစားထိုးဖို့ သဘောတူခဲ့ပြီးမှ..."
သူတို့ပြောနေတုန်း လူတစ်ယောက် တံခါးလာခေါက်သည်။ဒုဥက္ကဋ္ဌလျို့မှာ တံခါးအဖွင့်ကိုပင် မစောင့်နိုင်ပဲ တွန်းဝင်ကာ အပြေးရောက်လာပြီး သတင်းပို့သည်။
" ဥက္ကဋ္ဌကြီး... Da Ze ဘက်က ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဖို့ သေချာပြောပြီးတော့မှ ရုတ်တရက်ကြီး စိတ်ပြောင်းသွားပြီး C မဂ္ဂဇင်းဘက်ကို ရွေးသွားပါတယ်"" ဘာ!!"
တိဘီရန်က အလန့်တကြားထရပ်သည်။
" ဘာတွေဖြစ်ကုန်တာလဲ.. C မဂ္ဂဇင်းနဲ့ ဘာတွေ ဆက်စပ်နေလို့ Da Ze က အဲ့မှာ ရင်းနှီးမြှုပ်နှံရတာလဲ"" C မဂ္ဂဇင်းတင် မဟုတ်ပါဘူး.. Da Ze က Huading မှာပါ ရင်းနှီးမြှုပ်နှံတာပါ"
ဒုဥက္ကဋ္ဌလျို့က ကြောက်ကြောက်နှင့် ပြန်ဖြေသည်။ တစ်စုံတစ်ခု ဆက်ပြောချင်ပေမဲ့ မပြောရဲပဲ ရပ်နေလိုက်ရသည်။တိဘီရန်က ထိုအချင်းအရာကို သတိထားမိ၍ လက်ထောက်ကို အခန်းအပြင်ပို့ကာ မေးလိုက်သည်။
" ဘာလဲ ဘာပြောစရာကျန်သေးလို့လဲ"ဒုဥက္ကဋ္ဌလျို့က အနားကပ်လာကာ လေသံတိုးတိုးနှင့် ပြောနေသည်။
" ကျွန်တော့်ကို အရင်က စုံစမ်းခိုင်းတဲ့ကိစ္စ လုပ်ခဲ့ပြီးပါပြီ.. Huading ကို တည်ထောင်တဲ့သူဌေးက ခဲ့ရှီတဲ့... ဟိုးအရင် ဥက္ကဋ္ဌကြီးရဲ့ လူယုံခဲ့ရှီပါ... သူတို့ကြားထဲ ကတောက်ကဆ နည်းနည်းဖြစ်လို့ ထွက်သွားခဲ့တာပါ.. C မြို့နယ်က ကျွန်တော်တို့ လုပ်ငန်းကို ဖြတ်လုသွားတာလဲ သူပဲ ဖြစ်ဖို့များပါတယ်"
YOU ARE READING
OUR❤️ ( One Useless Rebirth) 1
Fantasyဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...