Part-1(Uni& Zawgyi)

1.4K 27 0
                                    

toyotaမီးခိုးရောင်ကားတစ်စီးဟာ အဆောက်အဦးတစ်ခုရဲ့ ကားပါကင်အတွင်းသို့ဝင်ရောက်လာသည် ထိုကားရဲ့ စတီယာရင်ကို ကိုင်ထားတဲ့လက်ကလေးတွေဟာ သေးသွယ်ကာဖြူဖွေးနေသည်
ထိုသူသည် ကားပါကင်ထိုးပီးတာနဲ့ ကားပြင်သို့ထွက်လာပီး အဆောက်အဦးအတွင်းသို့ဝင်ရောက်လာသည် ထိုသူက နှစ်လက်မလောက်ရှိသည့်ဒေါက်ကို စီးထားပီး ကုတ်အင်္ကျီအတိုနှင့် စတိုင်ပန်ကိုတွဲဖက်ဝတ်ဆင်ကာ ဆံပင်ကိုမြှောက်စီးထားပီး မျက်မှန်အနက်ကိုတပ်ထားသေးသည်

''Hello good morning''

''morningပါ''

''ဟို အယ်ဒီတာကြီးကို သူဌေးက ရုံးခန်းလာခဲ့ပါတဲ့''

''ဟမ် ငါအခုမှထိုင်တောင်မထိုင်ရသေးတာကို ''

''ရှင်''

''သွားလိုက်မယ်လို့ပြောတာ''

''ဟုတ်ကဲ့ရှင့်''
သူမ စိတ်ရှုပ်ထွေးစွာ မျက်မှန်ကိုချွတ်လိုက်တဲ့အချိန်တွင် ကော့စင်းနေသောမျက်တောင်လေးနှင့် ဝိုင်းစက်နေသောမျက်လုံးလေးတွေဟာ ဘာဘီမလေးလိုပင်ဖြစ်သည် ထိူသူကတော့ အလင်းသစ် စာအုပ်တိုက်ရဲ့ အယ်ဒီတာ တေးသီကာကျူး(ခ)ပုံ့ပုံ့ ဆိုသူပင်ဖြစ်သည်

ဒေါက် ဒေါက်
''ဝင်လာပီနော် သူဌေး''

''အာ ပုံ့ပုံလာ ထိုင်''

''သူဌေး ပုံ့ပုံကိုခေါ်တယ်ဆိုလို့ ဘာပြောစရာရှိလို့လဲ''

''တကယ်တော့ ပြောစရာဆိုတာထက် ပုံ့ပုံ့အတွက်အထူးတာဝန်ရှိတယ်လို့ပြောရင် ပိုမှန်တယ်''

''သူဌေးကလည်း အထူးတာဝန်တွေ ဘာတွေနဲ့ ပုံ့ပုံ့က စစ်ဆင်းရေးသမားမှမဟုတ်တာကို အဟင်းဟင်း''သူမရယ်သံစွက်ကာပြောလိုက်မိသည်

''ပုံ့ပုံ့ မင်း online စာရေးဆရာ ကျူးကို သိတယ်မလား''

''သိတယ်လေ သူဌေးကလည်း သူကအခု onlineစာဖတ်သူတွေကြားမှာအရမ်းနာမည်ကြီးနေတာ ပီးတော့ သူ့ရဲ့ဝတ္ထုတွေထဲမှာ လူငယ်တွေလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စာအရေးအသားအဖြစ်ဖန်တီးပီးစာဖတ်သူတွေရဲ့စိတ်ထဲမှာ ခံစားချက်တစ်ခုမဟုတ်တစ်ခုကျန်နေခဲ့တာ ဒါနဲ့ သူဌေးက ဘာလို့ သူ့အကြောင်းမေးတာလဲ အရင်းမရှိ အဖျားမရှိနဲ့''

My boyfriend is an authorWhere stories live. Discover now