''သားတိမ်ယံ မင်းကသားတိမ်ယံလေးမဟုတ်လား''
''ဗျာ ကျွန်တော်နာမည်က တိမ်ယံမင်းညီပါ အန်တီက ကျွန်တော်ကိုသိလို့လားဗျ''
ညီ သူ့ကို နှစ်အကြာကြီးနေမှပြန်တွေ့ရသည့်ပုံစံဖြင့် မျက်ရည်တွေကျလာကာ အသံတုန်တုန်ယင်ယင်ဖြင့်မေးလာသော အန်တီကြီးကိုကြည့်နေမိသည် ထိုအဒေါ်ကြီးက အသက်၄၀ ကျော် ၅၀ခန့်ရှိကာ ဇရာအရအနည်းငယ်ဝနေပေမယ့် မြန်မာဝတ်စုံနှင့်လိုက်ဖက်လွန်းလှသည် ထို့အတူမေမေသာ အသက်ရှင်နေသေးလျှင် ထိုအဒေါ်ကြီးလိုမျိုးဖြစ်နေလောက်မှာဟု တွေးမိပြန်တော့ စိတ်က မေမေကိုသတိရလာမိပြန်သည်''သားတိမ်ယံ ကြီးကြီးကိုမမှတ်မိတော့ဘူးလား သားငယ်ငယ်က သားကိုထိန်းပေးခဲ့တဲ့ သားမေမေနန်းစောမူရဲ့သူငယ်ချင်းလေ''
''မေမေ သူငယ်ချင်းးးးး ကြီးကြီးဒါဒါ အန်တီက ကျွန်တော်ငယ်ငယ်ကထိန်းပေးတဲ့ ကြီးကြီးဒါဒါလားဟင်''
ညီ ထိုအဒေါ်ကြီးရဲ့စကားကိုသံယောင်လိုက်ပြောပီး ခနအကြာတွင် သတိရသွားကာဘညီဝမ်းသာအားရမေးလိုက်မိသည်''ဟုတ်တယ် သား ကြည့်ပါအုံး အစောရဲ့သားက မတွေ့ရတဲ့အချိန်တွေအတွင်းမှာ လူကြီးဖြစ်လာပီဘဲ ကြီးကြီးမနည်းကြည့်ယူရတယ်''
''ကြီးကြီးကမှ သားကိုမှတ်မိသေးတယ် သားက ကြီးကြီးကိုမမှတ်မိဘူး လူငယ်ဖြစ်ပီးတော့ ဟဲ ''
''အဲ့အချိန်တုန်းက သားကငယ်သေးလို့မမှတ်မိတာနေမှာပါ ကြီးကြီးကကျ သားရဲ့ပုံစံလေးကအစောနဲ့ ကိုမင်းယံနှစ်ယောက်ပေါင်းထားတဲ့မျက်နှာလေးလေ ပီးတော့ သားရဲ့လက်မှာရှိတဲ့ ဒီအမာရွတ်လေးကြောင့်ရော အမှတ်ရသွားတာ အဲ့တုန်းက သားကငယ်ငယ်ဘဲရှိသေးတာ အစောက သားကို ကြီးကြီးနဲ့ထားခဲ့တာလေ ကြီးကြီးက သားကိုမကြည့်ဘဲ စာအုပ်ဖတ်နေတာ သားကရေနွေးဘူးကိုင်မိပီး မှောက်ကျတော့ အဲ့ရေနွေးအိုးက သားရဲ့လက်ကိုအပူလောင်သွားတာလေ အဲ့တုန်းကဆို သားကနာလွန်းလို့နေမှာအရမ်းကိုအော်ငိုတာ ကြီးကြီးမှာ သားကိုကြည့်ပီးသနားလိုက်ရတာ ကြီးကြီးကြောင့်ဖြစ်တာမဟုတ်လား''
ညီ သူရဲ့လက်ကိုကိုင်ကာ အမာရွတ်လေးကိုထိရင်း ဝမ်းနည်းစွာပြောလာတဲ့ကြီးကြီးကြောင့် သူကဘဲ ပြန်လည်နှစ်သိမ့်ပေးရတော့သည်
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်