Part-5(Uni&Zawgyi)

391 18 0
                                    

ပုံ့ပုံသူငယ်ချင်းနဲ့တွေ့ရန် အဝတ်အစားရွေးနေခြင်းဖြစ်သည် သူငယ်ချင်းနဲ့တွေ့မှာမလို့ သူမဝတ်​နေကျစတိုင်ပန်ကိုမဝတ်တော့ဘဲ ဂျင်းဘောင်းဘီအရှည်အကပ်ကို  စပို့ရှပ်လက်တိုအဖြူလေးကိုဝတ်ပီး အပေါ်ကနေတင်ပါးထိရှည်တဲ့လက်ရှည်ကိုဝတ်ဆင်ပီး ဆံပင်ကိုမြှောက်စီးလိုက်သည် မျက်နှာကိုလည်းsuncreamလူးကာ blush creamပန်းရောင်လေးကို မျက်လုံးပေါ်နဲ့ မျက်လုံးအောက် ပါးပေါ်မှာလိမ်းခြယ်လိုက်ပီး powder puffလေးနဲ့နေရာနှံအောင်ညှိလိုက်ပီး နှုတ်ခမ်းနီပန်းရောင်လေးကိုဘဲဆိုးကာ အပေါ်ကနေ lip glossအကြည်လေးကိုထပ်ဆိုးလိုက်ပီး သူမရဲ့ပြင်ဆင်မှုကိုအဆုံးသတ်လိုက်သည်

''ကဲ လှသွားပီ ပိုက်ဆံအိတ်ကို ကြိုးအရှည်လေးနဲ့စလွယ်သိုင်းလို့ရအောင်ဲယူသွားလိုက်တော့မယ် ''

သူမအိမ်ပြင်ထွက်ခါနီးမှ အခန်းတံခါးအခြေမှ ဖိနပ်စင်မှ sneakerအဖြူလေးကို စီးလိုက်ပီး အခနိးတံခါးပိတ်ကာ ကားဆီသို့သွားလိုက်တော့သည်

.
.

.
.
.
.
.

ပုံ့ပုံ့ ဆိုင်ထဲသို့​ရောက်ချိန်တွင်သူမတို့ထိုင်နေကျနေရာကိုတန်းသွားလိုက်ပီး နောက်ကျောကြည့်ရုံနဲ့ ဘယ်သူမှန်းသိတဲ့အထိရင်းနှီးနေတဲ့ သူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရသည် ယိမ်းကတော့သူမကိုတွေ့ပုံမရဘဲ အိတ်ထဲမှဖုန်းကိုထုတ်နေတာကြောင့် သူမကိုဖုန်းခေါ်တော့မည်ဆိုတာကို သိတာမို့ သူမလည်း ယိမ်းကိုစရန်ဖုန်းringtoneကိုmuteချထားလိုက်သည် ထင်တဲ့အတိုင်းဘဲ သူမဆီသို့ဖုန်းဆက်လာပီး ပွစိပွစိစပြောပါတော့သည်

''ဟဲ့နင်မရောက်သေးဘူးလား ချိန်းလိုက်တမ်းအမြဲတမ်းနင်ကြည့်နောက်ကျနေတာ နင်အဲ့လိုကျပ်ကျပ်နောက်ကျ သေရင် သူများထက်အရင်သေမှာသိလား ''

''နင်ကလေ အသက်ကြီးလေလေ ပွစိပွစိလုက်လေလေဘဲ နင်ရဲ့ဒီပုံစံနဲ့သာဆိုတစ်သက်လုံးလင်ရမှာမဟူတ်ဘူး''

''နင်ငါ့ကိုတရားလာမပြနေနဲ့ နင်မလာသေးဘူးလား''

''နင်လည်း သူများကိုပွစိပွစိလုပ်မနေနဲ့ နောက်လည်းလှည့်ကြည့်အုံး''

My boyfriend is an authorWhere stories live. Discover now