Part-38(Uni&Zawgyi)

284 12 0
                                    

ကျူး မေမေတို့ဆီမှာအတန်ကြာအောင်နေပီး ညနေစောင်းချိန်တွင် တိုက်ခန်းသို့ပြန်လာလိုက်တော့သည်

''သမီးအတွက်ဟင်းတွေထည့်ပေးလိုက်တယ်နော် ကုန်အောင်စားသိလား သမီးလာမယ်မှန်းသိရင်မေမေဈေးသွားပီး စုံအောင်ဝယ်ထားရတာပေါ့ အခုတော့ရှိတာလေးနဲ့ဘဲချက်ထားရတာ ''

''မေမေရယ် ဒါကိုများနေပါပီ ပီးတော့ သမီးလည်းမကြာမကြာပြန်လာမှာပါ အလုပ်ကလည်းသိပ်မများတော့ပါဘူး ''

''ဒါနဲ့ သမီးဖေဖေကိုလိုက်ပို့ခိုင်းပါလား taxiငှားမနေနဲ့ ''

''သမီး ငှားထားပီးသားဖြစ်နေလို့ပါမေမေရဲ့ ပီးတော့ မေမေနဲ့ဖေဖေကိုလည်း အနှောင့်အယှက်မပေးချင်လို့ပါ အဟိ''

''ဒီကောင်မလေး အကောင်းပြောရင်းကနေ ထဖောက်ပြန်ပီ ငါခေါက်လိုက်ရ''

''ဟာ မေမေ မလုပ်ရဘူးလေ သမီးကစတာပါ''
သူမဇက်ကလေးပုကာ ပြောလိုက်သည်

''ဟုတ်သား မေကြီးကလည်း သမီးပြောတာလည်းမမှားပါဘူး ဖေကြီးက မေကြီးနဲ့မခွဲနိုင်ပါဘူး''

''ကျုပ်နဲ့တော့မခွဲနိုင်ဘူးဆိုပီး ktvတော့သွားတယ်နော် အဲ့ကျ အလှလေးတွေမြင်ပီး အိမ်က သက်ကြားအိုကျုပ်ကို သတိမရတော့ဘူးပေါ့''

''ကြည့် မေကြီးကတော့ အဲ့တာကိုပြောလို့မပီးတော့ဘူး ဖေကြီးနောက်မလုပ်တော့ဘူးလို့ ကတိပေးထားတာကို''

''နောက်လုပ်လို့လည်းမရပါဘူးပေါ့ တော် ကျုက်လက်ချက်မိသွားမှာပေါ့''

ကျူး မေမေနဲ့ဖေဖေတို့ကိုကြည့်ပီးပြုံးမိသည် ဆင်းရဲပီးမိဘမဲ့​ဖြစ်တဲ့ဖေဖေကို ချမ်းသာတဲ့မေမေရဲ့မိဘတွေက သဘောမတူပေမဲ့ မေမေက ဖေဖေနောက်ကိုရဲရဲကြီးလိုက်ကာ ဆိုးတူကောင်းဖက်အတူတူနေပေးခဲ့ပီး သူမကို ကိုယ်ဝန်ဆောင်ထားချိန်တွင် ဖေဖေက ကျောက်အောင်ကာ အခုလိုမျိုး ကျောက်မျက်ရတနာလုပ်ငန်းကိုလုပ်ကိုင်နိုင်ပီးချမ်းချမ်းသာသာနဲ့နေနိုင်တာဖြစ်သည် ဖေဖေဟာ သူမရှိတဲ့အချိန်မှာ သူ့အနားမှာမငြီးမငြူဘဲအတူတူနေပေးခဲ့တဲ့မေမေကို လေးလည်းလေးစားသလိုချစ်လည်းချစ်သည်ဟု သူမကိုပြောဖူးသည် ​ဖေ​ဖေဟာ သူနဲ့မေမေတို့ကို သဘောမတူခဲ့သည့် ဖိုးဖိုးတို့ကိုလည်း မေမေကြောင့် သားအရင်းတစ်ယောက်လိုနေပေးခဲ့သည့်ဟု မေမေကလည်း ပြောဖူးသည် သူမလည်း ဖေဖေနှင့်မေမေလိုမျိုး သာယာပျော်ရွှင်ပီး ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်မျိုးကိုပိုင်ဆိုင်ချင်မိသည်

My boyfriend is an authorWhere stories live. Discover now