Part-2(Uni&Zawgyi)

672 20 0
                                    

ညီ သူ့ကိုစကားတွေပြောသွားတဲ့အမကိုကြည့်ပီးကြောင်နေမိသည် ထိုအမကတော့ သူ့ကိုမာနကြီးတယ်ထင်သွားမလားမသိပေမဲ့ အမှန်တော့ သူကလူတွေနဲ့တွေ့ရင် စကားမပြောရဲတာပင် အခု​လည်း ဖုန်းကို အသံမြည်အောင်အထိနမ်းနေပီး သူ့ကိုမြင်မှ ရှက်သွားတဲ့ပုံစံ​လေးကြောင့် သူ့ရဲ့ဝဲဖက်မှ နှလုံးခုန်သံတွေက အတိုင်းအဆမရှိမြန်လာပီး သူမရဲ့အသံကိုကြားတဲ့အချိန်မှာတော့ သူ့ရင်ဘက်ထဲတွင်ရထားကြီးခုတ်မောင်းသွားသလိုပင် သူမအခန်းထဲ ဝင်သွားပေမဲ့ သူကတော့သူမဝင်သွားတဲ့အခန်းတံခါးကို ရပ်ကြည့်နေမိသည် အတန်ကြာမှ သူအလုပ်ရှိသေးတာကို သတိရကာ သူအမြနိပင်ပြေးရတော့သည် သူမနေ့ကမှ ဒီတိုက်ခန်းကိုပြောင်းလာတာဖြစ်ပီး လမ်းထိပ်က မားကတ်မှာ သူငယ်ချင်းက အလုပ်သွင်းပေးထားတာမို့ သူညပိုင်းအချိန်ပိုင်းလုပ်ရန် လမ်းထိပ်သို့အလျင်အမြန်ပြေးရတော့သည်

.
.
.
.
.
.
.
ချွမ် ချွမ်

ဒါလီ အခုချိန်ထိ သူမနဲ့ချိန်းရန်အချိန်ပိုင်းအလုပ်သမားရောက်မလာသေးတာမို့ နာရီကိုကြည့်နေရင်းက တံခါးဖွင့်ရင်မြည်သောခေါင်းလောင်းသံကြားလို့ကြည့်လိုက်တော့ သူမရဲ့မျက်လုံးတွေတောင်ပြာသွားသလိုပင်

သူမထက်အနည်းငယ်ကြီးပုံရပီး ​​ရှေ့ဆံပင်ကနဖူးထက်မှာဝဲကျနေကာ ပြေးလာသောကြောင့်နဖူးထက်မှချွေးစီးလေးတွေကျနေပီး နှာတံချွန်ချွန်နဲ့ နှုတ်ခမ်းလေးကလည်း နီရဲကာ အသားအရေကလည်း သူမထက်တောင်ဖွေးသေးပင် ဂျင်းချည်သားလက်ရှည်နဲ့ အောက်က ဂျင်းဘောင်းဘီကိုတွဲဝတ်ထားတဲ့ပုံလေးက ကိုရီးယားမင်းသားတွေအတိုင်းပင် သူမ မျက်တောင်တစ်ချက်မှ မခတ်ဘဲ ထိုသူကိုကြည့်နေပီး ထိုသူက သူမဆီလျှောက်လာတာကြောင့် သူမစိတ်လှုပ်ရှားကာတံတွေး​တွေ​တောင်​မြိုချမိသွားသည်

''ဟို ကျွန်တော်က အချိနိပိုင်းဝန်ထမ်းအသစ်ပါ ပထမဆုံးအလုပ်တတ်တဲ့အချိနိမှာ နောက်ကျသွားလို့ တကယ်ကို တောင်းပန်ပါတယ်''

အာ ဘယ်လိုတွေတောင်လဲ အသံက deep voiceကြီးနဲ့စကားပြောတာလေးကလည်း ချစ်စရာလေး ငါတော့ဖောအင်လပ်သွားပီ အဟိ

My boyfriend is an authorWhere stories live. Discover now