Part-16(Uni&Zawgyi)

330 14 4
                                    

ယိမ်း ရေမိုးချိုးပီးချိန်တွင် အိတုံတို့ကိုကူလုပ်ပေး
ရန် မီးဖိုချောင်ထဲဝင်လာလိုက်သည်

''ဟယ် မမယိမ်းက စပန့်ဂါဝန်လေးနေကျလည်း ကလေးလေးကျနေတာဘဲ ဟီး''

''အိတုံကတော့မြှောက်ပီ မမမုန့်ဝယ်ကျွေးဖို့ ပိုက်ဆံမရှိဘူးနော်''

''မမကလည်း မုန့်စားချင်လို့ပြောတာမဟုတ်ပါဘူးနော် မမတကယ်လှလို့လှတယ်ပြောတာပါ မယုံကြီးကြီးမေးကြည့် နော့ ကြီးကြီး''

''အမလေး ကျုပ်ကဘယ်ကပါလာတုန်း ဒါပေမဲ့လည်း သမီးလေးယိမ်းလှတာတော့အမှန်ဘဲ''

''ယိမ်းတော့ မြှောက်တတ်သွားပီ ဟင်း''
သူမလည်းပြောပီး အိတုံတို့နားဝင်ထိုင်ကာ ဟင်းရွက်ကူသင်ပေးနေလိုက်တော့သည်

''မယိမ်း''

''ကျွန်မဒီမှာပါ ဘာပြောမလို့လဲ''

''မယိမ်းကို သူဌေးက သူ့အခန်းထဲလာခဲ့ပါတဲ့ ခိုင်းစရာရှိလို့တဲ့''

''အော် ဟုတ် ဟုတ်''

သူမလည်း ဟင်းရွက်သင်တာကိုရပ်လိုက်ပီး ဦးမာန်ဆီသွားဖို့ပြင်လိုက်တော့သည်

''မမယိမ်း သူဌေးရဲ့အခန်းကိုသိလား''

''ဟင့်အင်း ''
သူမလည်း ခေါ်လို့သာသွားရမှာ ဦးမာန်ရဲ့အခန်းကိုမသိပေ အိတုံပြောလို့သာပေါ့ မဟုတ်ရင် သူမယောင်လည်လည်ဖြစ်နေလောက်မှာ

''​​လှေကားအတိုင်းတတိယထပ်ထိတတ်သွားပီးတော့လှေကားက​နေပီးတော့​ရေရင်ဘယ်ဘက်ကသုံးခန်း​​မြောက်''

''ကျေးဇူးနော် ညီမလေး''

ယိမ်းထွက်သွားချိန်တွင် အိတုံမှ
''ကြီးကြီး သူဌေးက အရင်ကဆို သူရှိနေတဲ့အချိန်သူ့အခန်းထဲလူဝင်တာမကြိုက်တာကို အခုကျ မမယိမ်းကိုခေါ်ပီး ဘာလုပ်မလို့လဲမသိဘူးနော်''

''အဲ့တာတော့ သူဌေးမှသိမှာပေါ့ ကိုယ်အလုပ်ကို လုပ်စမ်းပါ တော်ကြာသူဌေးက အလုပ်ဖြုတ်နေမယ်''

''ဟုတ်ကဲ့ပါ ကြီးကြီးကလည်း''
သူမ နှုတ်ခမ်းလေးဆူကာ ကျန်သေးတဲ့အရွက်တွေကိုသင်နေလိုက်တော့သည်
.
.
.
.
.

My boyfriend is an authorWhere stories live. Discover now