Part-25(Uni&Zawgyi)

315 17 0
                                    

''ငါပြန်တော့မယ် အံမင်းရေ''

''ဟုတ်ပါပီဗျာ ဘယ်ကတည်းကပြန်ချင်နေတယ်မသိဘူး''

''ဒီကိုလာကတည်းကွ မင်းနဲ့စကားပြောနေရတာ အချိန်တွေကြာကုန်ပီ သွားပီကွာ''

''သွားပါဗျာ''

အံမင်း ဆိုင်ထဲကမပြေးရုံတမယ်ထွက်သွားတဲ့ကိုညီကိုကြည့်ပီး ရယ်နေမိသည် ကိုညီ အလုပ်စဝင်တုန်းကအေးတိအေးစက်နဲဲ့ မထုံတတ်တေးပုံစံမျိုးဖြစ်ပီး အချစ်နဲ့လည်းတွေ့ရော တက်ကြွနေလိုက်တာများ အခုမှ သူ့အသက်အရွယ်နဲ့ပုံစံနဲ့လိုက်သွားသလိုပင် အလုပ်ကအပြန်ကျရင် ချစ်ရတဲ့သူရဲ့မျက်နှာလေးကိုတွေ့ရတာ ဘယ်လောက်တောင်ပျော်နေလိုက်မလဲ သူကရော ကိုညီလိုမျိုးအလုပ်ကအပြန်ကျရင် ချစ်ရတဲ့အမောပြေလေးကို ဒီတစ်သက်ထွေးပွေ့ခွင့်ရနိုင်ပါ့မလား ဒါလီရယ် ငါမှာ နင်ကြောင့်ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပီ ဖွင့်မပြောဘဲနေတော့ကျလည်း နင့်ကိုပိုင်ဆိုင်ချင်တယ် နင်အခြားတစ်ယောက်ကြောင့် ခံစားနေရတာက ငါ့ကို ပိုခံစားရစေတယ် အဲ့ဒီအစား နင့်ကိုဖွင့်ပြောပြန်ရင်လည်း နင်က ငါ့အချစ်တွေကိုမယုံဘူးလို့ပြောမှာမလား ဘာလို့လဲဆိုတော့ ငါကရည်းစားတွေအများကြီးထားခဲ့လို့လေ ကိုညီပြောတဲ့ ဝဋ်ဆိုတာဒါများလား ဒါလီရာ
.
.
.
ကျူးက အလုပ်ပီးရင် သူ့ဆီလာမယ်ဆိုပီး သူ့အလုပ်ဆင်းတဲ့အချိန်ထိပေါ်မလာသေးပေ ညဥ့်လည်းနက်နေပီဖြစ်သလို မနက်ကျကျူးကအလုပ်သွားရမှာဆိုတော့ ကျူးအိပ်ပျော်နေတုန်း သူဖုန်းဆက်မိရင် ကျူး အိပ်ရေးပျက်မှာစိုးတာကြောင့် ကျူးကိုတွေ့ချင်စိတ်ကိုမြိုသိပ်ပီး သူတိုက်ခန်းထဲသို့သာဝင်လာလိုက်တော့သည် အလုပ်ကအပြန်တုန်းက တတ်ကြွနေတဲ့စိတ်က တွေ့ချင်တဲ့မျက်နှာလေးကို မတွေ့ရတာကြောင့် စိတ်တွေထိုင်းမှိုင်းနေတော့သည်

''ဟင် ကျူး ဧည့်ခန်းမီးပိတ်ဖို့မေ့သွားတယ်နဲ့တူတယ်''
သူ ဧည့်ခန်းမီးပိတ်ဖို့ပြင်လိုက်စဥ် စားပွဲပေါ်မှာ မှောက်အိပ်နေတဲ့ ကျူးကိုမြင်လိုက်ရတာကြောင့် သူနှုတ်ခမ်းပါးထက်မှာ အပြုံးတွေခိုတွေသွားရပြန်သည်

ကျူး အိပ်နေတာ ဘယ်အချိန်ကတည်းကမှန်းမသိတာကြောင့် ဇာတ်နာနေမည်စိုး၍ သူကျူးအနားသို့ အလျင်အမြန်သွားလိုက်ပီး ကျူးကိုပွေ့ချီလိုက်တော့ အသံအနည်းငယ်ထွက်လာပီး ပြန်အိပ်ပျော်သွားပြန်သည် စားပွဲပေါ်ကိုကြည့်မိတော့ အလုပ်ကစာရွက်စာတမ်းတွေ ကွန်ပျူတာအပြင် မုန့်ထုပ်တွေနဲ့ ရှုပ်ယှက်ခက်နေတာမို့ ကျူးကို သူ့အခန်းထဲသိပ်ပီးမှ ပြန်လာရှင်းရန် တွေးလိုက်တော့သည်
.
.
.
.
.
ညီ ကျူးကို ကုတင်ပေါ်ချလိုက်တော့ သူမက သူ့လက်မောင်းပေါ် ခေါင်းအုံးပီးအိပ်နေတာမို့ သူဗျာများသွားရသည် သူဖယ်လိုက်ရင် ကျူးနိုးသွားမှာလည်းကြောက်တယ် ဒီအတိုင်းကြီးတစ်ညလုံးနေဖို့က သူ့အတွက်အဆင်ပြေပေမဲ့ မနက်ကျူးနိုးလာတဲ့အချိန်စိတ်ဆိုးမှာကိုလည်းကြောက်မိသည် သို့ပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျူးကို မနှိုးရက်တာကြောင့် သူပါကုတင်ပေါ်တတ်ပီး ခေါင်းအုံးဖို့လှဲလိုက်တော့သည်

My boyfriend is an authorWhere stories live. Discover now