Part-44(Uni&Zawgyi)

294 14 0
                                    

ကျူး အိမ်သို့ပြန်ရောက်ချိန်တွင်ခနနားကာရေချိုးလိုက်တော့သည် အားယံရဲ့ရင်ခွင်ထဲမှာ အားရအောင်ငိုခဲ့ရလို့စိတ်ပေါ့သွားပေမဲ့ လူကနုံးနေတာမို့လန်းဆန်းသွားချင်လို့ဖြစ်သည် အားယံကတော့ အပြင်မှာသူမစားဖို့ခေါက်ဆွဲပြုတ်နေလေရဲ့ ကျူးမှန်ထဲမှာပေါ်နေတဲ့ သူမခန္ဓာကိုယ်တွင်  လက်မောင်းမှာ စစ်ရဲ့အားဖြင့်ဖိကိုင်ခံထားရတာကြောင့် လက်ချောင်းရာ အညိုအမဲကြီးဆွဲနေကာ ထိလိုက်တော့ တော်တော်လေးနာကျင်လာရသလို စစ်ရဲ့မျက်နှာကိုပြန်မြင်ယောင်မိပြန်တော့ သူမကြောက်လာရပြန်သည် သို့ပေမဲ့ သူမအားယံစိတ်ပူနေမှာစိုးတာကြောင့် ဘာမှပြန်မပြောတော့ဖို့ဆုံးဖြတ်လိုက်ပီး သူမရဲ့ညိုမဲစွဲနေတဲ့လက်မောင်းကိုလည်းအားယံမမြင်အောင်ဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်တော့သည်
.
.
.
.
.
.
.

''အားယံရယ် ခေါက်ဆွဲပြုတ်နံ့လေးကမွှေးနေတာဘဲ''
ကျူး ဧည့်ခန်းထဲကစားပွဲပေါ်မှာ ခေါက်ဆွဲပြုတ်အိုးကိုထားနေတဲ့အားယံဆီသို့ သွားကာအားယံရဲ့​​​နောက်​​ကျော​လေးကိုမှီရင်းပြောလိုက်သည်

''ကျွန်တော်ရဲ့အချစ်တွေနဲ့စပါယ်ရှယ်ချက်ထားလို့နေမှာ''
ညီ​ နောက်ကိုလှည့်မကြည့်ဘဲ သူကိုဖက်ထားတဲ့ ကျူးရဲ့လက်ကလေးတွေကိုဆုပ်ကိုင်းရင်းပြောလိုက်သည်

''လိပ်ကြီး ဒါနဲ့ဘာလို့ ဧည့်ခန်းထဲမှာခေါက်ဆွဲပြုတ်ကိုထားထားတာလဲ ထမင်းစားခန်းမှာမစားဘူးလား''

''ကျွန်တော်ကျူးနဲ့ရည်းစားဖြစ်ကတည်းက တစ်ခါမှmovie dateမလုပ်ဖူးသေးဘူးလေ ''

''ဟုတ်တယ်နော် ဒါလီကျေးဇူးနဲ့တစ်ခါဘဲကြည့်ဖူးကြတာ''

''အင်းလေ အဲ့တုန်းကဘယ်သူလဲမသိပါဘူး တစ်ယောက်ထဲတွေးချင်ရာတွေးပီး ကျွန်တော်ကိုအထင်တွေလွဲနေတာလေ စဥ်းစားကြည့်မှ ကျူး အဲ့ကတည်းကကြိုက်နေတာမလား''

''မဟုတ်ပါဘူးနော် ''

''ကျူးလိမ်နေတာမလား ကျူးအဲ့ကတည်းက ကျွန်တော်ကိုကြိုက်နေလို့သဝန်တွေတိုနေခဲ့တာမလား ဒါနဲ့ ကျူးကျွန်တော်ကို ဘယ်အချိန်ကတည်းကကြိုက်နေခဲ့တာလဲဟင် ''

My boyfriend is an authorWhere stories live. Discover now