Part-33(Uni&Zawgyi)

345 16 0
                                    

ကျူး မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အားယံက သူမကိုစိုက်ကြည့်နေတာမို့

''ကောင်စုတ်လေး အသံမပေးဘာမပေးနဲ့ ပွေ့ချီချလိုက်တာ လူကိုလန့်သွားတာဘဲ''

''ကျူးရဲ့ပုံစံနဲ့ လှေကားကဆင်းရင် ဆေးရုံတန်းရောက်မှာသိနေလို့ ကျွန်တော်ကချီပေးတာပါဗျ''

''ငါ အခုလိုဖြစ်တာဘယ်သူ့ကြောင့်လဲ ဟွန့်''
ကျူး အားယံကို မျက်စောင့်လေးဝင့်ကာကြည့်ရင်းပြောလိုက်သည်

''ကျွန်တော်မျိုးအပြစ်တွေပါ ဒါကြောင့် ကျွန်တော်ဘဲလိုက်ပို့ပေးပါမယ် နော်''

''သဘောဘဲ''

ညီ ကျူးကိုပွေ့ချီကာ ကားပါကင်ဆီသို့ဦးတည်သွားလိုက်သည် လမ်းတစ်လျှောက်တွင် တိုက်ခန်းမှာနေကြတဲ့ ကောင်မလေးတွေက သူတို့ကို ကြည့်ပီး အားကျတဲ့အကြောင်းတွေတီးတိုးဆိုသွားကြတာမို့ ကျူးရော သူရောတစ်ယောက်ကိုတစ်ယောက်ကြည့်ပီး ပြုံးမိပြန်သည်

.
.
.
.
.
.
''အားယံ နင်ကားမောင်းတာလည်းနှေးလိုက်တာ ကားမောင်းရောမောင်းတတ်ရဲ့လား''

''မောင်းတတ်ပါတယ်ဗျ ကျူး ကျွန်တော်မြန်မြန်မောင်းရင် နာသွားမှာစိုးလို့''

''အဲ့လောက်တော့မနာပါဘူး အရှိန်တင်မောင်းပါအုံး အခုဟာက လိပ်ထက်တောင်နှေးနေတယ်''

''ဟုတ်.. ဟုတ်ပါပီဗျာ''
အမှန်တော့ ညီက ကားကိုအောင်မှတ်ကလေးနဲ့ လိုင်စင်အောင်ထားတာဖြစ်ပီး ကားလည်းသိပ်မမောင်းဖြစ်တာကြောင့် မမောင်းရဲဖစ်နေတာမို့ ဖြေးဖြေးလည်းမောင်းနေတာဖြစ်ပီး ကျူးကိုပြောလိုက်ရင်လည်း သူမက ကိုယ်တိုင်မောင်းမည်စိုးတာကြောင့် သူဟန့်ကိုဖို့ကာ အရှိန်တင်ကာမောင်းလိုက်တော့သည်

ကျွီ

ကားကမြန်သွားလိုက် နှေးသွားလိုက်နှင့် လူကလည်း အပေါ်ရောက်လိုက် အောက်ရောက်လိုက်ဖြစ်နေတာကြောင့် ကျူးကားလက်ကိုင်တန်းကို ကိုင်ကာ ဘုရားတနေရတော့သည်

''အားယံ..နင်ကားမောင်တတ်တာရောဟုတ်ရဲ့လား ငါကြောက်လာပီနော်''

''မကြောက်ပါနဲ့ဗျ ကျွန်တော်မောင်းတတ်ပါတယ် ''
ညီ ကျူးဘက်သို့လှည့်ကာပြုံးပြလိုက်သည်

My boyfriend is an authorWhere stories live. Discover now