Part-35(Uni&Zawgyi)

329 11 0
                                    

သူမတို့တောင်ကြီးသို့ရောက်ချိန်တွင် ဟိုတယ်တစ်ခုကိုငှားကာ ခန နားလိုက်ပီး အင်းလေးသို့သွားရန် ကားငှားလိုက်တော့သည် အင်းလေးသို့ရောက်ချိန်တွင် ရှမ်းရိုးရာဝတ်စုံလေးကိုဝယ်ဝတ်ကာ စက်လှေစီးကြတော့သည်

ညီ ရှမ်းပင်နီထဘီဝမ်းဆက်လေးနဲ့ အလှကြီးလှနေသော ကျူးကိုငေးကြည့်နေမိသည်

''ရှုခင်းမကြည့်ဘဲ ဘာလို့လူကိုလာကြည့်နေတာလဲ''
ကျူး ကန်ထဲမှရေအချို့နဲ အားယံကိုပက်ကာ ပြေရယ်ရင်းပြောလိုက်သည်

''ရှုခင်းတွေထက် ကျူးကပိုချစ်စရာကောင်းလို့ပေါ့ဗျ''

''နင်နော် ပိုကိုပိုတယ် ရှုခင်းဘဲကြည့် ငါကနေ့တိုင်းတွေ့ရမှာ ရှုခင်းက ဒီကိုလာမှကြည့်ရတာ သိရဲ့လား''

''ဒါပေမဲ့  ကျွန်တော်ဒီကိုခနတိုင်းရောက်ဖူး...''

''တော် တန် တိတ် ငါကရှုခင်းကြည့်ဆိုကြည့်နော် မဟုတ်ရင် ရန်ကုန်ပြန်ပြစ်မှာ''

''အဲ့လိုတော့မလုပ်ပါနဲ့ ရှုခင်းကြည့်ဆိုလည်းကြည့်ပါမယ်''

အင်လေးကန်ရေပြင်ထဲမှာ ခြေတံရှည်အိမ်လေးတွေ စက်လှေအစားလှော်တတ်ကိုအသုံးပြုကာ ခြေထောက်ဖြင့်လှော်ကြတဲ့ ပင်နီဘောင်းဘီအရှည်ကို ဝတ်ဆင်ထားတဲ့အင်းသားတွေ ဟာ အင်းလေးကန်ကြီးကို ပိုမိုလှပအောင် အလှဆင်ထားသည့်ဟု ကျူးထင်မိသည်

ထို့နောက်သူမတို့ဖောင်တော်ဦးဘုရားတို့သွားကာ ရှိခိုးဖူးမြော်ပီး ပင်းတယလိုဏ်ဂူသို့ ခရီးဆက်ကာ   ကလောသို့ခနဝင်ပီး ည၇နာရီလောက်တွင် တောင်ကြီးဟိုတယ်သို့ပြန်လာခဲ့လိုက်သည်

''အာ ပင်ပန်းလိုက်တာ''
ကျူး မွေ့ယာပေါ်သို့ ပက်လန်လှဲကာ ကြောဆန့်ရင်း ငြီးငြူလိုက်သည်

''ကျူး မအိပ်သေးနဲ့အုံး ကျွန်တော်တို့သွားစရာနေရာရှိသေးတယ်''

''ဟင် ဘယ်သွားအုံးမှာလဲ ပင်ပန်းနေပီ''

''ကျွန်တော်က ကျူးကိုတောင်ကြီးညဈေးခေါ်သွားမလို့ကို ပင်ပန်းနေတယ်ဆိုရင်လည်းမသွားရုံပေါ့ဗျာ''

''တောင်ကြီး ညဈေးဟုတ်လား သွားမယ်လာ''
ကျူး အိပ်ယာကဇက်ကနဲထကာ ပြောလိုက်ခြင်းဖြစ်သည်

My boyfriend is an authorWhere stories live. Discover now