Part-19(Uni&Zawgyi)

322 15 0
                                    

ကျူးတောင့်တင်းတင်းအရာတစ်ခုပေါ်မှာ ခေါင်းအုံးနေပီး ဖက်လုံးကလည်း​ပျော့မ​​နေဘဲမာ​နေတာကြောင့် သူမလက်ကိုအငြိမ်မနေဘဲလျှောက်စမ်းနေရင်းက မျက်လုံးဖွင့်ကာမော့ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့အားယံကိုတွေ့တာကြောင့် သူမခေါင်းကိုပြန်ငုံ့လိုက်ပီးမျက်လုံးမှိတ်ပြစ်လိုက်သည်

''ဒါက အိမ်မက်ဘဲ ငါကအားယံနဲ့ဘာလို့တစ်ကုတင်ထဲအတူတူအိပ်စရာအကြောင်း....နေအုံး ငါမနေ့ညက အားယံဆီသွားခဲ့တယ် ပီးတော့အားယံက ငါ့ပေါင်ပေါ်မှာအိပ်နေခဲ့တယ် မနက်မိုးလင်းတော့အားယံရင်ခွင်ထဲရောက်နေတာ အိမ်မက်မဖြစ်နိုင်ဘူးပေါ့ မိပုံရယ် ဘယ်လိုများအိပ်လိုက်လို့ အားယံရင်ခွင်ထဲထိရောက်သွားတာလဲ ရှက်လွန်းလို့သေချင်လိုက်တာ ငါအားယံထသွားမှ ထလိုက်ရမလား ဒါပေမဲ့ ခုနက ငါမျက်လုံးဖွင့်လိုက်တာကို အားယံမြင်လိုက်တယ်လေ''
သူမစိတ်ထဲကတွေးနေတုန်းရှိသေး အပြင်ကမိယိမ်းအသံကြောင့် သူမငေါက်ခနဲထထိုင်ရတော့သည်

ညီ နိုးလာတဲ့အချိန်တွင် သူရင်ခွင်ထဲမှာအပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ကျူးကိုတွေ့လိုက်ရတာကြောင့်ကိုယ်မျက်လုံးကိုတောင်မယုံနိုင်ပေ သူပြန်စဥ်းစားကြည့်မှညတုန်းက မိုး​ခြိမ်းသံ​​​​​ကြောင့် သူကြောက်နေချိန်တွင်ကျူးကြောင့်သာ သူစိတ်သက်သာရာရပီး အိပ်ပျော်သွားတာဖြစ်သည် သူမဟာ သူ့အတွက်တော့ အားဆေးလေးပင်ဖြစ်သည် အခုလိုမျိုး ကျူးကို  သူ့အနားမှာအမြဲရှိနေစေချင်မိသည် ကျူးကိုကြည့်နေရင်းက သူတစ်ခါထိ​တွေ့ဖူးတဲ့နှုတ်ခမ်းနားကိုအကြည့်ရောက်သွားတော့ သူအာခေါင်တွေခြောက်လာရသည် ထိုအချိန်မှာဘဲ သူ့ရင်ဘက်တွေကိုပွတ်သပ်လာတဲ့ကျူးကြောင့် သူအသက်ရှုအောင့်ကာ သူမကိုကြည့်နေတုန်း သူမက သူ့ကိုမော့ကြည့်ကာ ပြန်ငုံ့သွားတဲ့အချိန်မှ သူ့အသက်ရဲရဲရှုရဲတော့သည် မကြာလိုက် ငုတ်တုတ်ကြီးထထိုင်တာကြောင့် သူပါအလန့်တကြားနဲ့လိုက်ထိုင်ရတော့သည်

''ဘာဖြစ်လို့လဲ ကျူးး''

''ရှူး တိုးတိုး''
သူမ အားယံရဲ့နှုတ်ခမ်းကို လက်ညှိုးနဲ့ဖိကာ အသံမထွက်ရန်အမူအရာဖြင့်ပြောလိုက်သည်

My boyfriend is an authorWhere stories live. Discover now