ကျူး မနက်စောစောစီးစီး ယိမ်းက ကိတ်မုန့်စားချင်တယ်ဆိုတာကြောင့် ဝယ်ပေးရန်လာခြင်းဖြစ်သည် အစက ဆိုင်ကိုနီးနီးလေးမှတ်နေတာ သူမတို့တိုက်ခန်းနှင့် မုန့်ဆိုင်ကိုတစ်နာရီကျော်လောက်ကားမောင်းသွားရသည်ကြောင့် သူမစိတ်ထဲကနေယိမ်းကိုမေတ္တာပို့နေတုန်း ယိမ်းဆီက ဖုန်းလာတာကြောင့် ကိုင်လိုက်သည်
''မယ်မင်းကြီးမပြော''
''နင်အသံကလည်းဟယ် အောင့်အောင့်စောင့်စောင့်နဲ့ပြောလိုက်တာများ လန့်သွားတာဘဲဟယ်''
''မအောင့်လို့ဖြစ်မလား ဘယ်နှယ့် မုန့်ဆိုင်ကိုတစ်လှမ်းတစ်ခန်းကနေဝယ်ခိုင်းတာ ငါတို့တိုက်ခန်းကနေ ၁၅မိနစ်လောက်ကားမောင်းသွားရင် စားလို့ကောင်းတဲ့ဆိုင်ရှိတယ်ဆိုတာကို နင်အရစ်တတ်လို့ အခုငါတစ်နာရီကျော်လောက်ကားမောင်းလိုက်ရတယ်''
''သူငယ်ချင်စကလည်း ငါကအဲ့ဒီကမုန့်ကိုစားချင်လို့ပါ ပီးတော့ နင်ငါ့ကိုကျေးဇူးတောင်တင်ရင်တင်နေအုံးမှာ''
''အမလေး ငါကလည်းဝယ်ကျွေးရသေးတယ် ငါကဘဲနင့်ကိုကျေးဇူးတင်အုံးမယ် ဟုတ်မှလည်းလုပ်ပါဟယ်''
''နောက်မှသိပါမယ် ဒါနဲ့ နင်ဆိုင်ကိုရောက်ပီလား''
''အင်းအခုဘဲဝင်တော့မလို့''
''ဟုတ်လား အဲ့တာဆိုလည်း ဒါဘဲနော် အရမ်းချစ်တယ် မွ''
ကျူး ချသွားတဲ့ဖုန်းကိုကြည့်ပီး ရီလိုက်မိသည် ထို့နောက် သူမဆိုင်ထဲဝင်ဖို့ တံခါးဖွင့်ရန်ပြင်လိုက်စဥ် သူမလက်ကိုလးတစ်ယောက်ကလာဆွဲတာမို့ လှည့်ကြည့်လိုက်စဥ် အားယံဖြစ်နေတာမို့ သူမအံ့သြနေသည့်အပြင် ထပ်ပြောလာတဲ့စကားကြောင့် သူမကြောင်သွားရသည်''ကျူး ဆိုင်ထဲကိုမဝင်ပါနဲ့''
''ဟမ် ဘာလို့လဲ''
ညီ အချိန်တော်ကြာဘာမှမပြောဘဲ ကျူးကိုစိုက်ကြည့်နေမိသည်
''ဘာမှမဟုတ်ရင်လည်း ငါ့ကိုလွှတ်အုံး ငါမုန့်သွားဝယ်လိုက်အုံးမယ် နော်''
သူမ အားယံရဲ့လက်ထဲမှ သူမလက်ကိုရုန်းဖို့ပြင်လိုက်ပေမဲ့ အားယံက သူမလက်ကိုမလွှတ်ဘဲတင်းတင်းဆုပ်ကိုင်ထားပီးပြောလာသည့်စကားကြောင့် သူမရင်ခုန်သံတွေမြန်လာရသည်
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်