Part-8(Uni&Zawgyi)

337 18 0
                                    

''ဘာဖြစ်တာလဲ အားယံ''

''အဟမ်း ကော်ဖီသီးသွားတာ အော် မနေ့က ကျူး ကျွန်တော်ကို ဘာမှမလုပ်ခဲ့ပါဘူး ''
ကျွန်တော်ကသာ လုပ်ခဲ့တာလို့ သူစိတ်ထဲမှာပြောနေလိုက်မိသည်

ပုံ့ပုံ့လည်း အားယံကလည်း မနေ့ညက ကိစ္စကိုမပြောတာမို့ အခုမှစိတ်သက်သာရာရသွားတော့သည်
သူမအနေနဲ့ ကိုယ့်မောင်လေးလိုဖြစ်နေတဲ့အားယံကိုဖက်တာတွေ နမ်းတာတွေကိုလုပ်ခဲ့တာကြောင့် သူမကိုယ်သူမအံသြမိပေမဲ့ အရက်သောက်ထားတာကြောင့် ဖြစ်တာလို့သာတွေးလိုက်တော့သည်

''အာ ဒါနဲ့ဒီနေ့ကျူးသွားစရာနေရာရှိလားဟင်''

''မရှိပါဘူး ရှာရမယ့်သူတော့ရှိပေမဲ့ ဘယ်ကနေအစရှာပီး ရှာရမှန်းမသိလို့ အိမ်မှာဘဲနေနေတာ''

''ကျူး ရှာနေတဲ့စာရေးဆရာက ကျူးအတွက်အရမ်းအရေးကြီးတာလားဟင်''

''အင်း ငါတို့စာအုပ်တိုက်က သူ့အပေါ်မှာမူတည်နေတာ သူသာစာအုပ်ထုတ်ဖို့လက်ခံရင် ငါတို့စာအုပ်တိုက် ဒေဝါလီမခံတော့ဘူးလေ''

''တကယ်လို့သူကစာအုပ်ထုတ်ဖို့လက်ခံပေမဲ့ စာအုပ်တိုက်က ဒေဝါလီခံတုန်းဆိုဘယ်လိုလုပ်မလဲ''

''ဒေဝါလီခံမှာမဟုတ်ဘူး သူရဲ့စာအရေးအသားတွေကြောင့် စာဖတ်သူတွေက သေချာပေါက်ဝယ်ဖတ်ကြမှာ onlineကနေတောင် ဒီလောက်နာမည်ကြီးနေတာကိုလေ အာ ဒါနဲ့ အားယံကဒီအကြောင်းတွေဘာလို့မေးနေတာလဲ''

''ကျွန်တော် ကျူးအကြောင်းကိုပိုသိချင်လို့ပါ ပီးတော့ ကျူးမြတ်နိုးတဲ့အရာတွေကိလည်း ကျွန်တော်မြတ်နိုးမိချင်လို့''
ညီ သူမရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ကာပြောလိုက်မိသည်

''......''အားယံရဲ့အပြောတွေ အကြည့်တွေကြောင့် ကျူး မျက်နှာပူသလိုခံစားလာရပီး ရင်ခုန်တွေလည်းမြန်လာရသည်

ရင်တွေဘာလို့ဒီလောက်ခုန်နေတာ ပီးတော့ သူက ငါ့ကိုအီစီကလီလုပ်နေသလိုမျိုး ဘာလို့ခံစားနေရတာလဲ မိပုံ့ရေ မဟုတ်တဲ့အတွေးတွေမတွေးစမ်းနဲ့ သူကနင့်အတွက်မောင်လေးတစ်ယောက်လိုဘဲ သူကလည်းနင့်ကို အမတစ်ယောက်လိုဘဲသဘောထားတာနေမှာ အရေးကြီးဆုံးက နင် ငယ်ငယ်လေကတည်းကချစ်လာတဲ့ သွေးစစ်ထည်ရှိတယ်လေ သူ့ကိုဘဲ တစ်သက်လုံးချစ်သွားမှာ မဟုတ်တဲ့အတွေးတွေမတွေးစမ်းနဲ့
သူမ စိတ်ထဲကနေပြောနေမိကာ လက်တွေ့တွင်တော့ ခေါင်းကိုခါယမ်းနေမိသည်

My boyfriend is an authorWhere stories live. Discover now