Part-41(Uni&Zawgyi)

298 16 2
                                    

ကျူး နိုးနေပေမဲ့ အားယံကိုပွေ့ဖက်ကာမှေးနေမိသည်

''ကျူး မနက်ရောက်နေပီ ဒီနေ့အလုပ်မသွားဘူးလား''

''ဒီနေ့က Sundayကို အလုပ်သွားစေချင်တာလား''

''အာ ဟုတ်သားဘဲ ဒီနေ့ကျူးအလုပ်နားရက်ကို ''

''မပြောချင်ဘူးနော် ငါနဲ့အတူရှိရမှာကြောက်နေတာလား''

''ဟောဗျာ ကျွန်တော်က ဒီအတိုင်းမေးလိုက်တာပါဗျ ဖြစ်နိုင်ရင် ကျွန်တော်က ကျူးအနားကနေတစ်ဖဝါးမှကိုမခွာချင်တာဗျ''

''လမ်းခွဲစကားကြပြောပီးတော့ နေပါအုံး အဲ့တုန်းက နင်ဘာစိတ်ကူးပေါက်ပီး ငါ့ကိုလမ်းခွဲဖို့ပြောတာလဲ''
ကျူး အားယံကိုဖက်ထားရာကနေ  အားယံရဲ့မျက်နှာလေးကိုမော့ကြည့်ပီးမေးလိုက်တော့ နောင်တရနေတဲ့မျက်နှာအမူအရာလေးနဲ့သူ့ကိုကြည့်နေတဲ့အားယံက်ိုတွေ့လိုက်ရသည်

''ကျွန်တော်နဲ့ မထ်ုက်တန်ဘူးထင်လို့ပါ ကျူးက ကျွနိတော်ထက်ကောင်းတဲ့သူနဲ့တွေ့နိုင်မယ်လို့ထင်လို့ပါ''

''ကောင်စုတ်လေး ထိုက်တန်တယ်မထိုက်တန်ဘူးဆိုတာ ဘာကိုကြည့်ပီးဆုံးဖြတ်တာလဲ ငါ့အတွက်တော့ နင်ထက်ကောင်းတဲ့သူဘယ်သူမှရှိမှာမဟုတ်ဘူး နင်ကိုဘဲငါချစ်တာ ပီးတော့ငါလက်ထပ်မယ့်သူကလည်း နင်ဘဲ နောက်တစ်ယောက်တွေ့စရာအကြောင်းမရှိဘူး သိရဲ့လား''
ကျူး ပြောနေရင်းကနေ အားယံရဲ့ရင်ဘက်ကိုထုချလိုက်တော့သည်

''အ့ နာလိုက်တာကျူးရာ''

''နာရင်သေလေ နင်ငါ့ကိုလမ်းခွဲစကားပြောတုန်းက ငါဘယ်လောက်ဝမ်းနည်းခဲ့ရလဲ သိရဲ့လား''

''ကျွန်တော်သိပါတယ် ကျူးအရမ်းခံစားရမှာကို ကျူးကိုလမ်းခွဲစကားအရင်ပြေညခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်ကတောင် နာကျင်နေတာမို့လို့လေ ဒါပေမဲ့ ကတိပေးတယ် နောက်ထပ်အခုလိုမျိုး ကျူးကိုတစ်ယောက်ထဲပြစ်မထားတော့ဘူး''

''ပြစ်ထားလို့လည်းမရပါဘူး ငါကနင့်အနားကိုကော်လို့ကပ်နေမှာ''

''အဲ့လိုဆို ကျွန်တော်ကသိပ်ကြိုက်တာပေါ့ဗျာ''
ညီပြောပီး ကျူးရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်နစ်ဝင်တဲ့အထိတင်းကျပ်နေအောင်ဖက်ထားလိုက်သည်

My boyfriend is an authorWhere stories live. Discover now