Part-40(Uni&Zawgyi)

365 16 0
                                    

သူမနဲ့အားယံအဆက်အသွယ်မရှိတော့တာ၁လ ကျော်ပီဖြစ်သည်တိုက်ခန်းချင်းကပ်ရပ်နေတာတောင် သူမအားယံရဲ့မျက်နှာကိုမတွေ့ရတာ အားယံကဘဲအရှောင်ကောင်းလို့လား သို့မဟုတ် ကံကြမ္မာကဘဲမတွေ့စေချင်တာလားဆိုတာတော့ သူမ မသိတော့ပေ ဒီအတောအတွင်းမှာ သူမပုံမှန်အတိုင်းအလုပ်တတ်တယ် အလုပ်ကလူတွေနဲ့သဟဇာတဖြစ်အောင်နေပီးပျော်ရွှင်နေတယ်လို့ထင်ရပေမဲ့ တစ်ယောက်တည်းရှိချိန်မှာတော့ အားယံနဲ့အတူရှိခဲ့တာကိုတွေးနေမိသလို အားယံကိုလွမ်းဆွတ်ကာ ငိုကြွေးမိပြန်သည် အားယံကရော သူမကိုသတိရနေမလား ဒါမှမဟုတ် သူမကိုမေ့ပစ်လိုက်ပီလားဆိုတာသူမ မသိပေ မသိတာဆိုတာထက် မသိချင်တာဆိုပိုမှန်ပေလိမ့်မည် သူမတွေးနေတုန်းရှိသေး ကားကထိုးရပ်သွားတာမို့ သူမလည်း ဘာဖြစ်မှန်းမသိတာကြောင့် ဝပ်ရှော့ကိုလှမ်းခေါ်ကာ တိုက်ခန်းသို့taxiနဲ့သာပြန်လာလိုက်တော့သည်

ညီ ကျူးအလုပ်ကပြန်လာချိန်ရောက်တာတောင် ကားပါကင်မှာ ကျူးရဲ့ကားကိုမတွေ့တာကြောင့် စိတ်ပူလာရသည် မိုးကလည်းချုပ်နေပီး ကျူးတစ်ယောက်ပြဿနာဖြသ်မှာကိုစိုးရိမ်နေမိသည်
ညီဒီရက်တွေအတွင်း ကျူးနဲ့မတွေ့ဖြစ်အောင်​ရှောင်ခဲ့ပေမဲ့ ကျူးကိုမတွေ့ရရင်မနေနိုင်သလို စိတ်လည်းပူတာမို့ ကျူးမမြင်နိုင်တဲ့နေရာကနေ ကျူးကိုအမြဲချောင်းကြည့်နေမိသည်  အခုလည်းပြန်လာချိန်ရောက်တာတောင် ကားကမရောက်သေးတာမို့ ညီ ကျူးဘယ်မှာရှိနေလဲဆိုတာသိရအောင်ကြံရတော့သည် အရင်ဦးဆုံး တိုက်ခန်းဆီသို့သွားကာ တံခါးခေါက်လိုက်ပီး ညီအကွယ်တစ်နေရာကနေချောင်းနေလိုက်သည်အကယ်၍ ကျူးသာတိုက်ခန်းမှာရှိမယ်ဆိုရင် တံခါးဖွင့်ပီး ဘယ်သူလည်းဆိုတာကြည့်လိမ့်မည် အကယ်၍ တံခါးဖွင့်မကြည့်ဘူးဆိုလျှင် ကျူးရဲ့အလုပ်ဆီသို့ညီလိုက်သွားဖို့စိတ်ပိုင်းဖြတ်ထားလိုက်သည် အတန်ကြာတဲ့အထိ တံခါးကပွင့်မလာတာမို့ ညီ ကျူးရဲ့အလုပ်ဆီလိုက်သွားဖို့ပြင်လိုက်ချိန် တံခါးပွင့်လာတဲ့အသံကြားတာမို့ ညီနံရံအကွယ်မှာပြန်နေလိုက်ပီ ရင်အေးသွားရတော့သည်

''ဟင် ဘယ်သူမှလည်းမရှိဘူး တံခါးကိုဘယ်သူများလက်ဆော့ပီးခေါက်သွားလဲမသိဘူး''

My boyfriend is an authorWhere stories live. Discover now