Part-32(Uni&Zawgyi)

349 16 0
                                    

ကျူး မျက်လုံးဖွင့်လိုက်ချိန်တွင် မျက်နှာပေါ်သို့နေရောင်ထိုးလာတာကြောင့် မျက်လုံးကိုပြန်မှိတ်လိုက်ပီး ခါးပေါ်တွင်တစ်ခုခုကတင်ထားသလိုမျိုး လေးလံနေတာကြောင့် စမ်းကြည့်လိုက်ပီး မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တော့ အကြောတွေထောင်နေပီး သွေးကြောစိမ်းလေးတွေပေါ်တဲ့အထိ ဖြူဖွေးနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကိုမြင်လိုက်ရပီး ခေါင်းထဲတွင် မနေ့ညကအဖြစ်အပျက်တွေကို ပြန်အမှတ်ရလာသည် မနေ့ညက အားယံရဲ့ပုံစံဟာ ရမ္မက်တွေပြင်းထန်နေပီး  အရင်ကဆို သူမနာကျင်မှာကိုကြောက်တဲ့အားယံက သူမတော်ပါတော့လို့ပြောတာကိုတောင် နားမထောင်ဘဲ သူလိုရာကိုသာဦးဆောင်သွားသည် သူမဟာလည်း နာကျင်ခြင်းနဲ့အတူ အားယံရဲ့လုပ်ဆောင်ချက်တွေကို သာယာမိကာ ရုန်းမထွက်နိုင်ဘဲ ဘယ်အချိနိအိပ်ပျော်သွားမှန်းတောင်မသိပေ

''နိုးပီလား ကျူး''
ညီ ကျူးရဲ့ ခါးကိုသူ့အနားထိတိုးကပ်ကာ တင်းကျပ်နေအောင် နောက်ကနေဖက်ထားပီး ဆံပင်တွေကိုနမ်းရှိုက်ရင်းမေးလိုက်သည်

''မနိုးသေးပါဘူး''
ကျူး ညတုန်းက ကိစ္စတွေကြောင့် အားယံကိုရှက်သလို ရင်မဆိုင်ရဲတာကြောင့် ပြောမိပြောရာ ပြောချလိုက်တော့သည်

''ဟောဗျာ အိပ်နေတဲ့သူကလည်း မေးတာကျပြန်ဖြေတယ်နော် အဟင်း''

အာ ဟုတ်သားဘဲ အိပ်နေတယ်ပြောပီး သူမေးတာကိုပြန်ဖြေရသလား မိကျူးရယ်
ကျူး စိတ်ထဲကနေကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိသည်

''ကျူး ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင် ကျွန်တော် မနေ့ညတုန်းက ထိန်းချုပ်ဖို့ကြိုးစားပါသေးတယ် ဒါပေမဲ့ ကျူးရဲ့...''

အားယံ ဆက်ပြောမဲ့စကားတွေကို ရှက်တာကြောင့် ကျူး အားယံကို ကျောပေးထားရက်ကနေ အားယံဘက်သို့လှည့်ပီး ဆက်မပြောရန် နှုတ်ခမ်းကို လက်ညှိုးလေးနှင့် ဖိလိုက်သည်

''တော်ပီ ထပ်မပြောနဲ့တော့ ငါနင့်ကို စိတ်မဆိုးပါဘူး ငါ့ကိုယ်ငါ စိတ်ဆိုးတာ နင်ခွင့်တောင်းတုန်းကကျ အဆင်သင့်မဖြစ်သေးဘူးဆိုပီးတော့ မနေ့ကကျ ငါ့ဘက်ကနေ စပီးဖြစ်သွားရတာ အဲ့တာ ငါရှက်လို့ပါ ''
ကျူး အားယံကို စိုက်ကြည့်ပီးပြောရင်းကနေ မကြည့်တော့ဘဲ အောက်သို့ခေါင်းငုံ့ချလိုက်တော့သည်

My boyfriend is an authorWhere stories live. Discover now