Part-3(Uni&Zawgyi)

538 20 0
                                    

ပုံ့ပုံ့ ထိုကောင်လေးကိုကြည့်ရတာ ရိုးရိုးသားသားလေးမို့ သူမနဲ့ရင်းနှီးခွင့်ပေးလိုက်ခြင်းဖြစ်သည် ဒါ့အပြင် ထိုကောင်လေးကိုလည်း ရင်းနှီးသလိုခံစားနေရတာ တစ်မျိုးပင် သူမအနေနဲ့ ထိုကောင်လေးကို သူမရဲ့အတွေ့အကြုံတွေ ဝေမျှပီး  သွက်သွက်လက်လက်လေးဖြစ်စေချင်သည် အခုပုံစံက မထုံတတ်သေးလေးမို့ ကိုင်ပေါက်ချင်စိတ်တောင်ပေါက်သည် သူမ ထိုကောင်လေးအကြောင်းတွေးနေရင်း လမ်းတစ်ဝက်ရောက်မှ နာမည် မိတ်မဆက်ရသေးတာကို သတိရကာ သူမလည်း ဆိုင်ဆီသို့ပြေးလာလိုက်တော့သည်

.
.
.
.
.
ချွမ် ချွမ်

''ဟင် အမ ဘာမေ့လာလို့လဲ''

''နာ..နာမည် ''
သူမပြေးလာရတာကြောင့် အမောတကြီးဖြေလိုက်မိသည်

''ဗျာ''

''နင်ကလေ မထုံတတ်သေးနဲ့ ပြောလိုက်ရင် တစ်ဗျာဗျာနဲ့ ငါ နင့်နာမည်မေးဖို့မေ့လာလို့ နင့်နာမည်က ဘယ်သူလဲ''

''တိမ်..တိမ်ယံမင်းညီပါ''
အမက သူ့ကိုနာမည်မမေးလိုက်ရတာကြောင့် တကူးတကလာမေးတော့ သူ့စိတ်ထဲလိပ်ပြာတွေပျံဝဲသွားသလိုပင်

''ငါ့နာမည်က တေးသီကာကျူး သူများတွေကတော့ ပုံ့ပုံလို့ခေါ်တယ် သူများတွေက နင့်ကိုဘယ်လိုခေါ်လဲတော့မသိပေမဲ့ ငါကတော့ အားယံ လို့ဘဲခေါ်မယ် အဆင်ပြေလား''

''ဟုတ်ကဲ့ အဆင်ပြေပါတယ် ကျွန်တော်အမကို ကျူးလို့ခေါ်လို့ရမလား''

''ဟမ် ရပါတယ်''

''ဟုတ် ကျေးဇူးပါ ကျူး''

''ရပါတယ် နင့်နာမည်လည်း သိပီဆိုတော့ပြန်တော့မယ် အခန်းချင်းလည်းကပ်ရပ်ဆိုတော့ နောက်မှတွေ့ကြတာပေါ့''

''ဟို ကျူး ''

''ဟင် ပြောလေ''

''ကျွန်တော်လိုက်ပို့ပေးရမလား''

''အာ ရတယ် နင် အလုပ်လုပ်ချိန်က မပီးသေးဘူးမလား ဒီဆိုင်နဲ့အိမ်နဲ့က မျက်စိမှိတ်တောင်သွားလို့ရတယ်''

''ဟုတ် အဲ့တာဆိုလည်း နောက်ရက်မှတွေ့ကြရအောင်ဗျ''

''အေးပါ''

My boyfriend is an authorWhere stories live. Discover now