Part-22(Uni&Zawgyi)

326 15 0
                                    

သူမတို့ကစားကွင်းကနေ အိမ်ပြန်ရောက်တဲ့အထိ စကားမဖြစ်ကြဘဲ အို့တို့အန်းတန်းဖြစ်နေကြသည့်အခြေအနေကို သူမကဘဲ စတင်ဖြိုခွဲလိုက်တော့သည် သူမရည်းစားမောင်းမင်းကြီးသားက လုပ်တုန်းကလုပ်ပီးရှက်နေလိုက်တာများ မျက်နှာတစ်ခုလုံးနီရဲနေလေသည် မသိရင် သူမကအတင်းလုပ်ခိုင်းတဲ့အတိုင်းဘဲ ဒါပေမဲ့လည်းအခုလိုရှက်နေတာလေးကလည်း ချစ်ဖို့ကောင်းသား

''အားယံ ငါအခန်းမှာဘဲ​ပြန်နေတော့မယ်''

''ဗျာ ဘာဖြစ်လို့လဲ''

''ယိမ်းကပြန်သွားပီလေ အစကသူ့ကြောင့်မလို့လာနေတာ အခုသူမရှိတော့ ငါအိမ်မှာနေတော့မလို့''

''ဟုတ်ကဲ့ပါ ဒါပေမဲ့ ထမင်းစားတဲ့အချိန်တော့ လာစားမယ်မလား''

''အင်း လာစားမယ်လေ ဒါပေမဲ့နေ့ခင်းတော့လာမစားဖြစ်လောက်တော့ဘူး အလုပ်မှာရှိနေရမှာဆိုတော့လေ အလုပ်ပိတ်တဲ့ရက်ကျရင်တော့ လာစားမယ်''

''ဟုတ်ကဲ့ပါ ကျူး အဲ့တာဆို ညမှတွေ့မယ် တာ့တာ့နော်''

''အင်း တာ့ တာ့''
သူမလက်ပြနှုတ်ဆက်ပီး အခန်းထဲကိုဝင်လာတော့မှ စိတ်အေးလက်အေးထိုင်ချနိုင်တော့သည်

အရင်ကဒီအတိုင်းခင်မင်ရင်းနှီးတာဖြစ်ပီးစကားပြောရတာပေါ့ပေါ့ပါးပါးရှိသလောက် အခုအားယံနဲ့ရည်းစားဖြစ်တာတစ်ရက်ရှိသေးတာကို လူက သူ့ကိုတွေ့ရင် ရင်တွေခုန်လွန်းနေပီး စကားပြောရင် အမှားပါမှာဆိုးလို့သတိထားပြောနေရသည် နေ့လယ်က နမ်းတုန်းကအကြောင်းကိုပြန်စဥ်းစားမိတော့ ရင်ထဲကနေ တဒုန်းဒန်းခုန်လာရပြန်သည် အမှန်တိုင်းပြောရရင် ဒါသူမရဲ့ first kissမလား သူမဘဝတစ်လျှောက်လုံး စစ်ကိုဘဲသဘောကျလာခဲ့ပီး ရည်းစားထားဖို့ဆိုတာဝေးစွ ဘလိုင်းဒိတ်တောင်မလုပ်ဖူးပေ ဒါပေမဲ့ အားယံနဲ့တော့ တွေ့တာအရမ်းကြီးမကြာသေးပေမဲ့ အားယံကသူမရဲ့ရင်ဘက်ထဲမှာနေရာယူထားပီဖြစ်သည် အခုလိုကျတော့လည်း လူတစ်ယောက်ကိုချစ်တာဟာ အချိန်အကြာကြီးဖြစ်စေ အချိန်ခဏလေးအတွင်းဖြစ်စေ ကိုယ့်နှလုံးသားနှင့်ဘဲဆိုင်သည်ဆိုတာကို သူမသိလာရသည် အားယံဟာ သူမတစ်ဘဝလုံးအတူရှိသွားစေချင်သူဖြစ်ပီး စစ်ကတော့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြန်တွေးတဲ့အခါ သတိရနေမဲ့ အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တာထက် မပိုတော့ပေ
.
.
.
.
.
.
ညီ ကျူးကိုနှုတ်ဆက်ပီး အခန်းထဲပြန်လာချိန်တွင် ခုန်ပေါက်နေမိပီး ရင်ခုန်လွန်းလို့ ပေါက်ထွက်မတတ်ဖြစ်နေတဲ့ ရင်ဘက်ကိုဖိကာ သူတစ်ကိုယ်တည်း ဆိုနေမိသည်

My boyfriend is an authorWhere stories live. Discover now