Part-34(Uni&Zawgyi)

310 14 0
                                    

ဒါလီနိုင်ငံခြားကိုထွက်သွားပီး တစ်လအကြာ​​လောက်တွင် အံ့မင်းလည်း တစ်ခြားနိုင်ငံတစ်ခုသို့ပညာတော်သင်ထွက်သွားသည် အမှန်က အံမင်းက ဒါလီရှိတဲ့နေရာမှာသာနေချင်ပေမဲ့ သူ့အမေတို့က ဒီတစ်ခါတော့ သူတို့ဆန္ဒကိုလိုက်လျောပေးပါဆိုတာကြောင့် သူမိဘတွေသွားခိုင်းတဲ့နိုင်ငံကိုသာ သွားရသည်ဟုဆိုသည် တစ်ယောက်နဲ့တစ်ယောက် ရေမြေရပ်ခြားမှာရှိနေကြပေမဲ့ သူတို့အချစ်တွေသာစစ်မှန်ရင် တစ်ချိန်ချိန်မှာနီးစပ်နိုင်မည်ဟု သူယုံကြည်ပါသည် သူလည်း အံမင်းတို့အလုပ်မှာ မရှိတော့တဲ့အချိန်တွင် အလုပ်ထွက်လိုက်တော့သည် သူတို့ကြောင့်တော့မဟုတ်ပေမဲ့ စာရေးခြင်းကို ပိုပီးအာရုံစိုက်ချင်လို့ဖြစ်သည် အခုတော့ သူရဲ့ချစ်လှစွာသော မမကျူးက အတူတူရှိနေချိန်မှာ ဖုန်းကိုဘဲကြည့်နေတာမို့ သူဆူငေါက်ဖို့ပြင်လိုက်တော့သည်

''ကျူးကလည်းဗျာ ဖုန်းကြည့် ကြည့်မနေပါနဲ့''

''ဟာ ခနပါ အလုပ်အားတုန်းလေးကြည့်ရတာကို''

''ကဲ ပေးဖုန်း''
ညီပြောပြောဆိုဆိုနဲ့ အိပ်ယာပေါ်မှာအိပ်ပီးဖုန်းကြည့်နေတဲ့ ကျူးဆီမှ ဖုန်းကို ဖျတ်ခနဲယူချလိုက်တော့သည်

''အားယံ နင်နော် သူများကြည့်နေတာကို ပြန်ပေး''

''မပေးပါဘူး အလုပ်မှာလည်း ကွန်ပျူတာ စခရင်တွေကိုကြည့်နေရတာ အခုလည်းဖုန်းစခရင်တွေကြည့်နေတာ မျက်လုံးတွေထိခိုက်ကုန်မှာပေါ့ဗျ''

''ငါပျင်းတာကိုလို့''

''ပျင်းရင် ကျွန်တော်ကိုကြည့်ပေါ့ဗျ ဒီလောက်ချောတဲ့ချစ်သူလေးရထားတာကို''

''အာ မရပါဘူး ငါပျင်းလို့ ဖုန်းဘဲကည့်ချင်တာ နင်က အိပ်ခါနီးရင်လည်း နင်ရုပ်မြင်ရမှာဘဲကို''

''ကျွန်တော့်ကိုမကြည့်ချင်လည်း အိပ်တော့ စောစောအိပ်တာက အသားအရေနုပျိုတယ်တဲ့ လိမ္မာတယ်နော် လာ အိပ်ရအောင်''
ညီ ကျူးကိုဖက်ပီး ကုတင်ပေါ်သို့လှဲချရန်ပြင်လိုက်သည်

''ဟာ မရပါဘူး လွှတ် အဲ့ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းလို့ကြည့်ချင်တာပါဆို နင်နော် အချိုးတွေပြောင်းနေတယ်''

My boyfriend is an authorWhere stories live. Discover now