Part-28(Uni&Zawgyi)

285 15 0
                                    

ကျူး အားယံကိုကျောပေးပီးအိပ်နေပေမဲ့ တစ်ယောက်ယောက်က သူမကိုစိုက်ကြည့်နေသလိုမျိုးခံစားရတာကြောင့် အားယံဘက်ကိုလှည့်လိုက်တော့ သူမထင်သည့်အတိုင်းပင် အားယံကမအိပ်သေးဘဲ သူမဘက်သို့ဘေးတစ်စောင်းလှည့်ကာကြည့်နေတာမို့ သူမမျက်စိဘဲမှိတ်ရတော့မလို ဟိုဘက်ဘဲပန်လှည့်အိပ်ရမလိုဖြစ်သွားပေမဲ့ သူမအားယံဘက်သို့သာ တစ်စောင်းလှည့်အိပ်လိုက်တော့သည်

''ကျူး မအိပ်သေးဘူးလား''

''အိပ်တော့မှာ နင်ကငါ့ကိုစိုက်ကြည့်နေတော့ အိပ်မပျော်လို့ နင်လည်းအိပ်တော့''

''ကျွန်တော်အိပ်မပျော်သေးလို့ပါဗျ ပီးတော့ ကျွန်တော်ကျူးမျက်နှာလေးကိုကောင်းကောင်းမတွေ့ရတာကြာတော့ ကျွန်တော်ကြည့်ချင်မိလို့ပါ''

''ဒါပေမဲ့ နင်အဲ့လိုစိုက်ကြည့်နေရင် ငါမအိပ်တတ်ဘူးလေ''

''အဲ့တာဆို ကျူးဟိုဘက်ကိုပြန်လှည့်လိုက်ပါလား ကျွန်တော် ကျူးရဲ့နောက်ကျောလေးကိုကြည့်ရလည်းအဆင်ပြေပါတယ်ဗျ''

''ငါ့ကို တစ်ယောက်ယောက်ကစိုက်ကြည့်နေရင် ငါမအိပ်တတ်ဘူးလို့''
သူမ ငြူစူစွာပြောတော့ အားယံကပြာပြာသလဲနှင့် သူ ကျူးကိုမကြည့်တော့မှာမို့ ကျူး စိတ်ဖြောင်ဖြောင့်နှင့်အိပ်ပါဟုပြောလာသောကြောင့် သူမ မျက်လုံးပြန်မှိတ်ကာအိပ်ဖို့ပြင်လိုက်သည်
သို့ပေမဲ့ သူမဟာ အားယံက သူမကြည့်လို့အိပ်မပျော်တာမဟုတ်ဘဲ အားယံနဲ့အတူတူရှိနေတာမို့ စိတ်လှုပ်ရှားပီး အိပ်မပျော်ဖြစ်နေတာကြောင့် သူမ ဟိုဖက်လှည့်အိပ်လိုက် ဒီဘက်လှည့်အိပ်လိုက်နှင့် အမျိုးမျိုးအိပ်ကြည့်နေပေမဲ့ အိပ်မပျော်တာကြောင့် အားယံကိုကြည့်လိုက်တော့ မျက်လုံးကိုမှိတ်ထားပေမဲ့ မျက်တောင်လေးတွေကလှုပ်ခတ်နေတာကြောင့် အားယံလည်း သူမနည်းတူအိပ်မပျော်မှန်းသိနေတာမို့ သူမအားယံနဲ့စကားပြောဖို့ပြင်လိုက်တော့သည်

''အားယံ ငါ့ကိုနင့်ငယ်ဘဝအကြောင်းပြောပြ နင်အိပ်မပျော်သေးမှန်းငါသိတယ်''
သူမမျက်စိမှိတ်ထားတဲ့ အားယံရဲ့ဘေးတစောင်းမျက်နှာလေးကြည့်ရင်းပြောလိုက်သည်

My boyfriend is an authorWhere stories live. Discover now