Part-14(Uni&Zawgyi)

316 18 0
                                    

''ကျွန်တော် ကျူးကိုပျော်စေချင်လို့ပါ ကျွန်တော်မှာ အဲ့ဒီအတ္တတစ်ခုဘဲရှိတာပါ''

''ဟင်''
သူမငိုနေရင်းက ကြောင်အမိသွားသည်

''ကျွန်တော်ကျူးကိုဘာလို့ပျော်စေချင်တာလဲသိလား''

''.....''

''အဲ့တာ ကျွန်တော်ကျူးကို..ကျွန်တော် အရမ်း..''

''မပြောနဲ့''
သူမ အားယံရဲ့ရင်ခွင်ထဲကနေရုန်းထွက်ကာ အခန်းထဲသို့ပြန်ပြေးလာလိုက်သည်

သူမအခန်းတံခါးကိုလော့ချလိုက်ပီး တံခါးကိုမှီကာ ထိုင်ချလိုက်ပီး ငိုကြွေးနေမိပြန်သည်

အားယံရဲ့ နောက်ထပ်ထွက်လာမဲ့စကားတွေကို သူမ မကြားရဲပါ သူမရဲ့ဘဝက ခဲမှန်ဖူးတဲ့စာသူငယ်လို အားယံဟာ သူမရဲ့အပေါ်မှာ နောက်ထပ်မရိုးသားမှာကိုကြောက်နေမိသည် ဒီတစ်ခါသာဆိုလျှင် သူမ ခံနိုင်ရည်ရှိတော​မည်
မဟုတ်ပေ

ညီ အရဲစွန့်ကာ သူမအပေါ်ထားတဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ကြိုးစားခဲ့ပေမဲ့ ကျူးဟာ သူမပြောရသေးခင်မှာပင် ထွက်သွားခဲ့ချေပီ
ကျွန်တော် ကျူးနဲ့နီးစပ်ဖို့အတွက် ဘာတွေလုပ်မှရမှာပါလဲ ကျူးရာ
.
.
.
.
.
.
ညီ ကျူးနဲ့တွေ့ပီးကတည်းက သူမအကြောင်းကိုဘဲစဥ်းစားနေမိသည် ဖြူဖျော့နေတဲ့ အသားအရေ အနည်းငယ်ပိန်လှီသွားတဲ့ခန္ဓာကိုယ်ကြောင့် အစားကောင်းကောင်းမစားဘူးဆိုတာ သိနိုင်သလို မျက်တွင်းတွေအနည်းငယ်ညိုနေတာကြောင့် ကောင်းကောင်းအိပ်မပျော်ဘူးဆိုတာကိုလည်း သိနိုင်သည်

''ကျွန်တော့်အပြစ်တွေပါ ကျူးရာ ကျွန်တော်သာအမှန်တိုင်းပြောပြလိုက်ရင် ကျူးလည်းအခုလိုမျိုးဖြစ်မှာမဟုတ်သလို ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်း အေးစက်မနေတော့ဘူးလေ ''

ကျူး ဒီပုံအတိုင်းသာဆက်သွားလျှင် လဲသွားနိုင်တာမို့ သူ ကျူးအတွက် ရေခဲသေတ္တာမှာရှိတဲ့ ကြက်သားတွေနဲ့ ကြက်စွပ်ပြုတ်လုပ်လိုက်ပီး အရဲစွန့်ကာ ကျူးရဲ့အိမ်ရှေ့သို့ သွားထားလိုက်ပီး ဘဲလ်တီးကာ ကျူးထွက်မလာခင်  တိုက်ခန်းထဲသို့အမြန်ပြေးဝင်လိုက်ပီး တံခါးအနည်းငယ်ဖွင့်ကာ ချောင်းကြည့်နေလိုက်သည်
.
.
.
ကျူး အားယံနဲ့တွေ့ပီးကတည်းက ဘာမှမစားရသေးတာ ယခုညနေစောင်းတဲ့အထိပင်ဖြစ်သည် လူကဖြစ်သလိုနေလိုက်ချင်ပေမဲ့ ဗိုက်ကဆန္ဒပြကာ အသံတွေမြည်နေပီမို့ သူမdeliမှာရန်ပြင်နေစဥ် ဘဲလ်တီးသံကြားတာမို့ အပြင်ကိုထွက်ကြည့်လိုက်တော့ ဘယ်သူ့ကိုမှမတွေ့တာမို့ အခန်းတံခါးပိတ်ရန်ပြင်လိုက်စဥ် ကြမ်းပြင်ပေါ်မှာ ချိုင့်ကလေးတစ်ခုနဲ့ စာရွက်တစ်ရွက်တွေ့တာမို့ သူမကောက်ဖတ်ကြည့်လိုက်တော့

My boyfriend is an authorWhere stories live. Discover now