Part-12(Uni&Zawgyi)

315 16 0
                                    

''ကျူး ဘယ်လိုဖြစ်ပီးတော့ရောက်လာတာလဲ''

''အရင် ငါ့လက်ကိုလွှတ်အုံး ချုပ်ထားလိုက်တာများ သူ့အသားမဟုတ်တဲ့အတိုင်း ဒီမှာလက်တွေနာနေပီ''

''ဟာ ဆောရီး ကျူး''

သူမ ထိုအခါမှ လက်ကိုအကြောဆန့်လိုက်ပီး
''ငါက နင့်ကို ခြောက်မလို့တိတ်တိတ်လေးလာတာကို မသိရင် နင့်ကို အန္တရာယ်ပြုမယ့်သူလာတဲ့အတိုင်းဘဲ လူကိုချုပ်ပစ်လိုက်တာများ''

''ဟို ကျွန်တော်က စုံထောက်ကားတွေအကြည့်များသွားလို့ပါ ဟဲ ဟဲ''

''မပြောချင်ဘူး ဒါနဲ့နင်အလုပ်ဆင်းချိန်ရောက်တော့မှာလား''

''ဟုတ် ခနနေရင်အလုပ်ဆင်းရတော့မှာ ဘာလို့လဲကျူး''

''ငါ အိပ်မပျော်တာနဲ့ နင့်ဆီထွက်လာတာ နင်အလုပ်ပြန်မှ အတူတူပြန်ကြမယ်လေ''

''ဟုတ် အဲ့တာဆို ခနစောင့်နော် ကျွန်တော်အချိနိပြည့်တော့မှာရယ်''

''အွန်း အဲ့တာဆို ဆိုင်ထဲကမုန့်စားဖို့ပြင်ထားတဲ့ ထိုင်ခုံက ထိုင်စောင့်နေမယ်လေ''

''ဟုတ်ကဲ့ပါ ကျူး''

ညီကကောင်တာဆီသို့သွားလိုက်ပီး ကျူးကတော့ ပေါင်မုန့်တစ်ခုနဲ့ ပဲနို့ကိုယူကာ စားပွဲမှာထိုင်းရင်း အားယံကိုစောင့်နေလိုက်တော့သည်

ညီ ကောင်တာမှာစျေးဝယ်လာလို့ငွေရှင်းပေးနေတာဖြစ်ပီး သူ ကျူးကို စိတ်မချနိုင်စွာ ခနခနကြည့်နေမိတာကြောင့် အံမင်းက
''ကိုညီရဲ့ကောင်မလေးကို ဘယ်သူမှမဖမ်းသွားဘူးရယ် အခုတော့အလုပ်ကိုဘဲ အာရုံစိုက်ပါ စျေးဝယ်ကိုလာအားနာအုံး''
အံမင်း တီးတိုးပြောလိုက်တာကြောင့် သူစျေးဝယ်ကိုကြည့်မိတော့ စောင့်ရတာကြာလို့ စိတ်မရှည်တဲ့ပုံဖြစ်နေတာကြောင့် သူပြုံးပြလိုက်ပီး သူမကိုအာရုံမထားတော့ဘဲ မြန်မြန်ဆန်ဆန်တွက်ပေးလိုက်တော့သည်

အလုပ်ပီး၍ သူလည်း ဝန်ထမ်းအင်္ကျီကိုချွတ်ကာ သူ့ဝတ်နေကျ ချည်သားလက်ရှည်လေးကိုပြန်ဝတ်ပီး ကျူးဆီသို့အမြန်ပြေးသွားလိုက်တော့သည်

''ကျူး စောင့်ရတာကြာနေပီလား''

''ဟင့်အင်း ဒါနဲ့ နင်အလုပ်ပီးပီလား''

My boyfriend is an authorWhere stories live. Discover now