Part-52(Uni&Zawgyi)

327 12 0
                                    

နောက်ရက်အနည်းငယ်အတွင်းမှာ လူကြီးချင်းတွေ့ကြပီး ဒီလအတွင်းလက်ထပ်ရန်ဆွေးနွေးခဲ့ကြသည် ဖေဖေကတော့ သူသမီးကိုနှမြောနေတာမို့ အင်တင်တင်ဖြစ်နေပေမဲ့ မေမေကြောင့် သဘောတူခဲ့ရသည် အဲ့တုန်းက မေမေပြောခဲ့တာက
''လူဆိုတာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရတယ်ရှင့် ကျွန်မတို့က သမီးနဲ့တစ်သက်လုံးအတူတူနေသွားနိုင်မှာမဟုတ်ဘူး ဒါကြောင့် သင့်တော်တဲ့သူနဲ့အိမ်ထောင်ချပေးမှ ကျွန်မတို့မိဘဝတ္တရားကျေမှာပေါ့တဲ့''
မေမေကပြောရင်းနဲ့မျက်ရည်ကျလာတော့ သူမတို့ သားဖသုံးယောက်ငိုခဲ့ရသေးသည်

အခုလည်း မင်္ဂလာဆောင်ဝတ်စုံသွားရွေးဖို့နဲ့ လိုအပ်တာတွေ စီစဥ်ဖို့ ကျူးအားယံ အလာကို အိမ်မှာစောင့်နေခြင်းဖြစ်သည်

''ကျူး စောင့်ရတာကြာသွားလား ကားတွေကြပ်နေလို့ နည်းနည်းနောက်ကျသွားတယ်''

''သိပ်မကြာပါဘူး''

''အမယ်လေး မကြာလို့တော်တော့သာဘဲ ထိုင်စောင့်လိုက် အပြင်ထွက်ကြည့်လိုက်နဲ့ မျောက်ဖင်မီးခဲပေါ်ထိုင်ထားတဲ့အတိုင်းဘဲ''
မေမေက ဧည့်ခန်းထဲဝင်လာရင်းပြောလိုက်ခြင်းဖြစ်သည်

''ဟာ မေမေနော် မဟုတ်တာတွေလျှောက်ပြောနေတယ်''

''ကျုပ် ဘယ်တုန်းကမဟုတ်တာပြောလို့လဲ ပီးတော့ရှိသေးတယ် မင်္ဂလာဆောင်အတွက်လိုအပ်တာတွေကို သမီးတို့အကြိုက်လုပ်ခိုင်းထားတာ ပီးမှ ဟိုဟာမကြိုက်ဘူး ဒီဟာမကြိုက်ဘူး ချေးမများနဲ့နော်''

''ဟုတ်ကဲ့ပါ မေမေရဲ့ သမီးတို့သွားတော့မယ်နော် လာ အားယံသွားစို့''

''မေမေ သွားပီနော် ''

''အေး ​​အေး သား''
.
.
.
.
ကားမောင်းနေတုန်း ညီ ကျူးရဲ့လက်လေးကိုဆုပ်ကိုင်ကာ စိတ်လှုပ်ရှားသောအသံဖြင့်

''ဘာလိုလိုနဲ့ ကျွန်တော်တို့တောင် လက်ထပ်ရတော့မှာဘဲနော်''

''ဘာလဲ လက်မထပ်ချင်လို့လား''
ကျူး ခပ်ငေါ့ငေါ့လေးပြောလိုက်တော့

''ဟာ ဗျာ ကျူးကလည်း ကျွန်တော်က ကျူးကိုလက်ထပ်ချင်တာမှ တစ်ပိုင်းကိုသေလို့ အခုဟာက ကိုယ့်ဟာကို မယုံနိုင်ဖြစ်နေတာ အရင်ကငေးကြည့်ရုံကလွဲပီး မဖြစ်နိုင်ဘူးထင်ထားခဲ့တဲ့ ကျွန်တော်ရဲ့အချစ်ဦးက ကျွန်တော်လက်ထပ်ရမယ့် မိန်းကလေးဖြစ်လာတာ ကျွန်တော်လောက်ပျော်တဲ့သူ ဒီကမ္ဘာမှာတောင်ရှိမှာမဟုတ်ဘူး''

My boyfriend is an authorWhere stories live. Discover now