Part-9(Uni&Zawgyi)

323 16 0
                                    

''အမက ညီမထက်၇နှစ်ဘဲကြီးတာပါ မသိတဲ့သူတွေဆို အမက ဒီကဒါလီထက်တောင်ငယ်တယ်ထင်ကျမှာ အသက်ငယ်တိုင်းလည်းရုပ်ကနုတာမဟုတ်ဘူးလေ အဟင်း''
သူမလက်ကို နှုတ်ခမ်းနားကပ်ကာ မခိုတရို့ရီလိုက်သည်

ဒီမိန်းမကြီး ဒါသက်သက်မဲ့ ငါ့ကိုရုပ်ရင့်နေပီလို့ရွဲ့ပြောနေတာ ကိုညီပြောပုံအရဆို သူတို့နှစ်ယောက်က ဘာပတ်သတ်မှုမှမရှိသေးလောက်ဘူး ကိုညီနဲ့ငါနဲ့သာတွဲဖြစ်လို့ကတော့ ဒီမိန်းမနဲ့ကို မပတ်သတ်ခိုင်းဘူး ဟွန့်

ပုံ့ပုံ သူမကိုလာကြည့်နေတဲ့ထိုကလေးမကို သူမကလည်း ပြန်ကြည့်ပေးနေလိုက်သည် သူမက ပုံမှန်အားဖြင့် ရွဲ့တာတွေ ဘာတွေကို သိပ်သဘောမကျပေမဲ့ ဒီကောင်မလေးကို တော်တော်ကြီးကိုအမြင်ကပ်နေတာမို့ သူမလည်းရွဲ့ပြောနေခြင်းဖြစ်သည် ဒီကလေးမနဲ့ အားယံသာ တွဲဖြစ်လို့ကတော့ အားယံဘဝမတွေးရဲစရာဘဲ ငါလုံးဝကိုနင်တို့နှစ်ယောက်မတွဲဖြစ်အောင်လုပ်မှာ ဟွန့်

အကြည့်ချင်း စစ်တိုက်နေကြတဲ့ အမျိုးသမီးနှစ်ယောက်ကြောင့် ညီအလယ်မှာကြောင်တောင်တောင်လေးရပ်နေရသည်
သူလည်း ဒီအခြေအနေကြီးမှာမနေနိုင်တော့တာမို့ သူတို့နှစ်ယောက်ကို စကားလမ်းကြောင်းလွှဲရတော့သည်

''ဟို ကုန်တိုက်ကို ပတ်သွားပီး မုန့်လေးဘာလေးစားကြမလား ဒါလီရုပ်ရှင်လည်းကြည့်မှာဆို''

'' ဟုတ်သား ကိုညီပြောမှအမှတ်ရတယ် ကိုညီကဒါလီပြောတာတွေမှတ်ထားတာဘဲနော် အဟီး''
သူမလက်နှစ်ဖက်ကိုလိမ်ကာ ခန္ဓာကိုယ်လေးကိုလှုပ်ခါးရင်း ပြောလိုက်သည်

ပုံ့ပုံ့ ထိုကောင်မလေးရဲ့အပြောကြောင့် အားယံကိုကြည့်လိုက်တော့ အားယံကလည်းရီနေတာကြောင့် သူမစိတ်ထဲတစ်မျိုးဖြစ်သွားရသည် အားယံကလည်း ထိုကောင်မလေးကိုသဘောကျနေတာလား ထိုကောင်မလေးကိုတစ်ဖန်ပြန်ကြည့်မိပြန်တော့ လက်ကိုလိမ်ထားလိုက်တာများ ပိုလီယိုကတောင် အရှုံးပေးရတယ် ဟွန့်
သူမ နှုတ်ခမ်းကိုမဲ့ရွဲ့နေလိုက်မိသည်

''ကျူး သွားကြရအောင်လေ''

''အော် အင်းအင်း''
.
.
.
.
.
ပုံ့ပုံ့ကုန်တိုက်မှာလျှောက်လည်ကတည်း ဒီ ဒါလီဆိုလား ဒက်လီဆိုလားဟာမကိုကြည့်မရတာ အခုမုန့်ဆိုင်ရောက်တဲ့အထိပင် နွဲ့နှောင်းနေလိုက်တာများ ဂျယ်လီကတောင်အရှုံးပေးရတယ် သူမလည်း ထိုကလေးမကိုကြည့်မရတာကြောင့် မုန့်စားဖို့ ပန်းကန်ထဲကယူလိုက်စဥ် ထိုကလေးမကလည်း လာယူတာကြောင့် သူမတို့ထိုဟင်းကိုဘဲ တူတွေနဲ့အပြိုင်လုနေမိကြသည်

My boyfriend is an authorWhere stories live. Discover now