Part-10(Uni&Zawgyi)

359 16 0
                                    

ရုပ်ရှင်ကြည့်ပီးသွားတဲ့အချိန်ထိ ကိုညီကပေါ်မလာတာကြောင့် သူမရုပ်ရှင်ရုံရှေ့တွင်စောင့်နေခြင်းဖြစ်သည် သူမနဲ့ကိုညီ မပုံနဲ့လမ်းခွဲပီး ရုံထဲကခုံမှာထိုင့ရန်ပြင်တုန်း ကိုညီကအရေးကြီးကိစ္စပေါ်လာလို့မကြည့်ဖြစ်တော့ဘူးပြောတော့ သူမလည်းမကြည့်တော့ဘူးဆိုတဲ့ ကိုညီကလက်မှတ်ဖြတ်ထားတာနှမြောဖို့ကောင်းတယ် ကြည့်ပါ သူ ရုပ်ရှင်ပြပီးချိန်တွင်ရုံရှေ့ကစောင့်မယ်ဆိုသောကြောင့် သူမရုပ်ရှင်ကြည့်လိုက်တာဖြစ်ပီး စောင့်နေမယ်လို့ပြောတဲ့ကိုညီကိုအခုထိမတွေ့ရသေးသလို မပုံကိုလည်းမတွေ့ရသေးပေ သူမလည်းအကျိုးအကြောင်းသိရအောင် ကိုညီဆီဖုန်းဆက်ရန်ပြင်လိုက်စဥ် ရုံထဲကနေ စကားတွေပြောကာ ပြုံးပျော်နေတဲ့အတွဲတစ်တွဲကြောင့် သူမ နာကျင်စွာပြုံးလိုက်မိသည်

''ကျူးက လူကြည့်တော့ သန်မာတဲ့ပုံစံနဲ့ သရဲကျကြောက်လိုက်တာ သရဲကမထွက်သေးဘူး မျက်လုံးကြီးကအရင်မှိတ်နေတာ''

''ငါကကြောက်လို့မဟုတ်ပါဘူးနော် ဒီအတိုင်းမျက်လုံးကအော်တိုပိတ်မိသွားတာ''

''ကြောက်ရင်ကြောက်တယ်ပေါ့ဗျာ ရှက်စရာမဟုတ်ပါဘူး ဟား ဟား''

''မကြောက်ပါဘူးဆို တော်ပီနင်နဲ့စကားမပြောတော့ဘူး''

''မ​​ကြောက်ဘူးဆိုလည်းမကြောက်ဘူးပေါ့ဗျာ ဒါပေမဲ့ ကျွနိတော်ကိုတော့စကားမပြောဘဲတော့မနေပါနဲ့ ကျွန်တော်ရူးသွားလိမ့်မယ်''
သူစကားအဆုံးမှာ အသံလေးတိမ်ဝင်သွားသည်

မျက်နှာလေးညှိုးငယ်သွားတဲ့အားယံကြောင့်
''ကောင်လေးတစ်ယောက်အညာမိသွားပီ ကရော် ကရော်''

''ဟာ ကျူးဗျာ''
သူမတို့ စကားပြောနေရင်းက ရှေ့မှာဒါလီကိုတွေ့လိုက်တာကြောင့် သူမတို့စကားစရပ်သွားသည်

''ကိုညီရဲ့အရေးကြီးကိစ္စက မပုံ့နဲ့ရုပ်ရှင်အတူကြည့်ဖို့လားဟင်''

''ဆောရီးပါ ဒါလီ ဒါပေမဲ့ ကိုယ် ကျူးကိုတစ်ယောက်ထဲစိတ်မချလို့ပါ အခုတောင် ကိုယ်ရောက်သွားလို့ မဟုတ်ရင် ရုံထဲမှာကြောက်သေးပါနေလောက်ပီ''
သူ ပြုံးရိပ်သန်းကာပြောလိုက်သည်

My boyfriend is an authorWhere stories live. Discover now