Part-43(Uni&Zawgyi)

348 14 0
                                    

''စစ်ဘာလုပ်တာလဲလက်ကိုလွှတ်ငါနာတယ်''

''မလွှတ်ဘူး နင်ငါ့ကိုဘာလို့သစ္စာဖောက်တာလဲပြော''

''နင်ပြောတာကို ငါနားမလည်ဘူး ငါ့ကိုလွှတ်ပါ''
ယောက်ျားအားနဲ့လက်မောင်းကိုအတင်းဖိပီးဆုပ်ကိုင်ထားတာမို့  ကျူးမျက်ရည်ပါဝိုင်းလာရသည်

ထိုအခါ စားပွဲမှာထိုင်နေတဲ့သူတွေကမနေသာတော့ဘဲ ဝင်ဖြန်ဖြေရတော့သည်

''ဟေ့ရောင် စစ် မလုပ်နဲ့တော့ လွှတ်ပေးလိုက်ပါ အေးဆေးပြောကြပေါ့ဟာ''
ကိုသဟာဆွေမှ ဝင်ပြောခြင်းဖြစ်သည်

''ဟုတ်ပါတယ် အေးဆေးပြောကြလေ အခုမှပြန်တွေ့ကြတာကို ရန်မဖြစ်ကြပါနဲ့ ''
ဝိုင်းထဲကလူတွေကပါဝင်ပြောတော့မှ သူမလက်ကိုလွှတ်ပေးတော့သည် ဒါလည်းသူစိတ်မအေးရပေ ခုနက သူမကိုလွှတ်ပေးဖို့ပြောတဲ့ ကိုသဟာဆွေကို စစ်ကဘလိုင်းကြီးထိုးပစ်သောကြောင့် သူမမှာ ဝင်ဆွဲရပြန်သည်

ကိုသဟာဆွေကလည်းမခံပြန်ထိုးပေမဲ့ စစ်ရဲ့မျက်နှာကိုတော့မထိပေ စစ်ကိုထပ်ထိုးဖို့ပြင်နေတာကြောင့် အဖွဲ့ထဲကယောက်ျားသားတွေကနှစ်ယောက်လုံးကို လူခွဲပီးချုပ်ထားတာတောင် လွတ်တဲ့ခြေထောက်နဲ့ ကိုသဟာဆွေကိုထပ်ကန်နေတာကြောင့် ကျူးတော်တော်စိတ်ပျက်မိသည်

''ဟေ့ကောင် စစ် မင်းငါ့ကိုဘာလို့ထိုးတာလဲ''
အသားနာထားသည့်အပြင် အကုန်းလုံးဝိုင်းချုပ်ထားတာကြောင့် ရုန်းမရ၍မောပန်းသည့်အသံဖြင့် စစ်ကိုမေးလိုက်သည်

ထိုအခါ စစ်က သူတို့နှစ်ယောက်ကြားရောက်နေသည့် ကျူးကိုကြည့်ကာ
''အဲ့ကောင်မလား နင့်ရည်းစားက နင့်ရည်းစားမလို့ ငါလုပ်မှာကြောက်လို့ နင်ကြားထဲကနေဝင်ဆွဲနေတာမလား မိပုံ့''

''ဟေ့ကောင် ငါနဲ့မိပုံနဲ့က ဘာမှမဆိုင်ဘူးကွ မိပုံ့က ငါ့အတွက်တော့ညီမလေးတစ်ယောက်လိုဘဲ''

''တော်စမ်းပါကွာ မင်းuniတုန်းက မိပုံ့ကိုကြိုက်တာငါမသိဘူးမှတ်နေလား မင်းတို့ကောင်တွေမိပုံ့ကိုမကြိုက်ရဲအောင် တစ်ခြားမေဂျာကကောင်ကိုနမူနာလုပ်ပြလိုက်လို့ မကြိုက်ရဲတော့တာကို ငါသိပီးသားကွ''

My boyfriend is an authorWhere stories live. Discover now