Part-13(Uni&Zawgyi)

366 16 0
                                    

ညီ ကွန်ပျူတာကိုကြည့်လိုက်တော့ သူမသူ့ကိုပို့ထားတဲ့စာတွေပင် ကျူးစာပို့ထားတာတွေကိုသိပေမဲ့ သူလျစ်လျူရှူထားခဲ့မိသည် အမှန်တော့ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်ဆိုတာကိုဖုံးကွယ်ထားချင်ရုံပါ သူ့အနေနဲ့ စာရေးဆရာတစ်ယောက်အဖြစ် လူအသိမခံချင်ပေ ထို့ကြောင့်ပင် သူနဲ့ရင်းနှီးတဲ့သူမကိုပင် ဖွင့်မပြောဖြစ်ခဲ့ပေ သို့ပေမဲ့ မကြာခင်အချိန်မှာအမှန်တိုင်းပြောဖို့စဥ်းစားထားပေမဲ့ သူမက သူ့မပြောခင်မှာတင်သိသွားခဲ့ပီလေ

''ကျူး ကျွန်တော်ပြောတာကို နားထောင်ပေးပါအုံး ပီးမှ ကျူးကြိုက်သလိုဆုံးဖြတ်ပါ''

''ထပ်ပီးတော့ နင်ပြောတာတွေကို နားထောင်ရအုံးမှာလား နင်ရဲ့စကားတွေကို ငါမယုံချင်ဘူး မယုံချင်တာထက်နားမထောင်ချင်တော့တာ နင်ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ် ငါနင့်အပေါ်မှာပွင့်ပွင့်လင်းလင်းရှိသလောက် နင်ငါ့အပေါ်မှာပွင့်လင်းမှုမရှိဘူး ငါရှာနေတဲ့စာရေးဆရာက ငါ့အတွက်ဘယ်လောက်အရေးပါမှန်း နင့်ကိုပြောပြခဲ့တယ် ဒါပေမဲ့ စာရေးဆရာက နင်ကိုယ်တိုင်ပါလို့ ငါ့ကိုတစ်ခွန်းတစ်လေ အရိပ်အမြွက်လေးတောင်မပေးခဲ့ဘူး ဘာလဲ နင့်အတွက်ငါကရီစရာဖြစ်နေခဲ့တာလား ဟမ် စာရေးဆရာကိုရှေ့မှာထားပီး အရူးတစ်ယောက်လိုပတ်ရှာနေမိခဲ့တာလေ ''
သူမကျလာတဲ့ မျက်ရည်တွေကို အကြမ်းပတမ်းသုတ်လိုက်ပီး

''ငါတို့ထပ်မတွေ့ကြရအောင် နင့်အတွက်လည်း ငါကရီစရာဟာသတစ်ခုထက်မပိုခဲ့ဘူးမလား ပီးတော့ ဒီအတောအတွင်း နင် ငါ့အပေါ်ဆက်ဆံခဲ့တဲ့ အရာတွေအားလုံးဟာ အစစ်မှန်ဖြစ်စေ ဟန်ဆောင်သည်ဖြစ်စေ ငါ့အတွက်ပျော်ရွှင်ပီး တန်းဖိုးရှိတဲ့အချိန်တွေဖြစ်ခဲ့ပါတယ် ငါနှုတ်ဆက်ခဲ့ပါတယ် လမ်းတွေ့ရင်တောင် ဘယ်တုန်းကမှမသိခဲ့ကြတဲ့လူတွေလိုဘဲနေကြရအောင်''
သူမပြောပီး အမြန်ပြေးထွက်လာလိုက်သည်

ညီ ပြေးထွက်သွားတဲ့ ကျူးကြောင့် ခေတ္တကြောင်အနေပီးမှ ကွန်ပျူတာနဲ့အိတ်ကို စားပွဲပေါ်တင်ကာ ကျူးနောက်သို့ပြေးလိုက်လာလိုက်သည်

သူမအခန်းတံခါးဖွင့်နေချိန် နောက်ပါးမှသိုင်းဖက်လာတဲ့အားယံကြောင့် တံခါးဖွင့်နေတဲ့သူမလက်တွေရပ်တန့်သွားရသည်

My boyfriend is an authorWhere stories live. Discover now