Part-48(Uni&Zawgyi)

251 13 2
                                    

ကျူး မနက်စာစားပီးချိန်တွင် အားယံကိုမစောင့်တော့ဘဲ အလုပ်ကိုတန်းသွားပီး အလုပ်ကိုရောက်မှ သူမအလုပ်ကိုရောက်ပီဖြစ်ကြောင်း အားယံဆီသို့စာပို့လိုက်သည်

''အားယံရေ ကျူး အလုပ်ကိုရောက်ပါပီရှင့်''

''ကျွန်တော်လည်း အိမ်ကိုပြန်တဲ့လမ်းမှာပါဗျ''

''ဟီး အားယံ စာပို့တဲ့ပုံလေးကလည်းချစ်စရာလေး''

''ကျူးရဲ့ ချစ်သူဘဲ ဒီလောက်တော့ချစ်စရာကောင်းမှာပေါ့ဗျ''

ကျူး အားယံပို့တဲ့စာလေးကိုဖတ်ပီး ပြုံးမိသွားကာ နှုတ်ကလည်း
''အတတ်ကလေး''
ဟု တိုးတိုးရေရွတ်မိသွားသည်

ဒေါက် ဒေါက်

''ဝင်ခဲ့ပါ''

''မမ သူဌေးက ဒီစာမူတွေကို သေချာစစ်ပေးပါအုံးတဲ့ စစ်ပီးရင် ရုံးခန်းထဲကိုလာပေးလှည့်ပါတဲ့''

''ဟုတ်လား ပေး ပေး အမအခုဘဲလုပ်လိုက်မယ်'i

''ဟုတ် မမ''

ကျူး အလုပ်လုပ်ရတော့မှာမို့ အားယံဆီသို့

''အလုပ်လုပ်ရတော့မှာမို့လို့ bye byeအားယံရေ😘''
ဟု ပို့လိုက်တော့ အားယံဆီမှ

''ဟုတ်ပါပီဗျ အရမ်းချစ်တယ်နော် ကျူး💖''

''ကျူးကလည်း အားယံကို သိပ်သိပ်ချစ်ပါတယ်ရှင့်💗''

ကျူး အားယံဆီသို့စာပို့ပီးတာနဲ့ ဖုန်းကိုသိမ်းကာ သူဌေးခိုင်းထားတဲ့အလုပ်တွေကို ပြီးပြတ်အောင်လုပ်လိုက်တော့သည်
.
.
.
.
.
.
.
ကျူး ဒီနေ့အလုပ်တွေများတာမို့ သာမန်ရုံးဆင်းချိန်က ညနေ၅နာရီဖြစ်ပေမဲ့ အခုတော့ ၇နာရီမှပြန်လာရသလို ကားကလည်းပျက်နေတာမို့ ဝပ်ရှော့ပို့ထားရတာကြောင့် တစ်ယောက်တည်း ကားမှတ်တိုင်ကိုသွားနေခြင်းဖြစ်သည် ဒီနေ့မှလူကလည်း နည်းနည်းပျက်သလို သူမနောက်သို့တစ်ယောက်ယောက်ကလိုက်နေသလိုမျိုး ခြေသံကိုကြားနေရတာကြောင့် သူမလည်း နောက်သို့လှည့်မကြည့်ဘဲ မှတ်တိုင်သို့ရောက်အောင် မပြေးရုံတစ်မယ် ဒုန်းသွားနေလိုက်သည် မကြာလိုက် သူမပုခုံးမှလွယ်ထားတဲ့ပိုက်ဆံအိတ်ကို တစ်ယောက်ယောက်ကဆွဲလုလိုက်သလိုခံစားလိုက်ရတာမို့ ကြည့်လိုက်တော့ တကယ်လည်း သူမပိုက်ဆံအိတ်ကိုဆွဲ​ဖြုတ်နေတာမို့ သူမလည်း ခါးပိုက်နှိုက်နှင့်အတူ အိတ်ကိုအပြိုင်လုနေမိသည် ယောက်ျားအားနှင့်မိန်းမအားမို့ ပိုက်ဆံအိတ်က ခါးပိုက်နှိုက်နောက်သို့ပါသွားကာ သူမကအားဖြင့် လမ်းပေါ်သို့လက်ထောက်ရက် လဲကျသွားတော့သည် ထိုအချိန် ခါးပိုက်နှိုက်ကအိတ်ကိုယူပီးမပြေးဘဲ သူမကိုအားဖြင့်ရိုက်တော့မှာမို့ သူမဘာမှမလုပ်နိုင်ဘဲကြောက်ကြောက်ဖြင့်မျက်လုံးကိုဖိပိတ်ထားလိုက်မိသည် အချိန်အနည်းငယ်ကြာသောအခါ ထိုးကြိတ်သံကိုကြားလိုက်ရပေမဲ့ သူမခန္ဓာကိုယ်က နာကျင်မှုမရှိတာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူမကိုနောက်ကျောပေးထားတဲ့ အနက်ရောင်coatအင်္ကျီဝတ်ထားတဲ့သူက သူ့အောက်ကလူကိုဒေါသတကြီးထိုးသတ်နေတာကို မြင်လိုက်ရသည် ထိုနောက်ကျောပြင်ဟာ သူမနှစ်ပေါင်းများစွာငေးကြည့်လာခဲ့ရတဲ့ သူရဲ့ကျောပြင်နဲ့တူတာကြောင့် သူမစိုးရိမ်တစ်ကြီးဖြင့်ပြေးထကာ သွားကြည့်လိုက်တော့ ထိုသူက တစ်ကယ်ဘဲ စစ်ဖြစ်နေခဲ့သည် အောက်ကလူက သူမကိုခုနကရိုက်ဖို့ပြင်ခဲ့တဲ့ ခါးပိုက်နှိုက်ဖြစ်နေပီး မျက်နှာမှာလည်းသွေးအလိမ်းလိမ်းဖြင့် မြင်လို့ပင်မကောင်းပေ လက်လွန်ခြေလွန်တွေဖြစ်ကုန်မှာစိုးတာကြောင့် သူမစစ်ကိုတားပေမဲ့ စစ်ဟာအသိစိတ်မဲ့နေသူတစ်ယောက်လို အောက်ကလူကိုအဆက်မပြတ်ထိုးနှက်နေတာမို့ ကြာရင် အောက်လူလည်းသေနိုင်သလို စစ်လည်းထောင်ကျနိုင်တာမို့ သူမ စစ်ရဲ့ နောက်ကျောကနေ လက်တွေကိုပါသိုင်းဖက်ပီးငိုနေမိသည် သူမရဲ့အားက စစ်ကိုမယှဥ်နိုင်တာမို့ စစ်က သူမလက်ထဲကနေ လွတ်ကာ အောက်ကလူကိုထိုးနှက်နေပြန်သည်

My boyfriend is an authorUnde poveștirile trăiesc. Descoperă acum