သူမတို့နှစ်ယောက်ထိုနေရာမှာ အတန်ကြာအောင်နေပီး တိုက်ခန်းဆီသို့ပြန်လာခဲ့ကြသည်
''မိပုံ့ ခုနကအလောတကြီးနဲ့ထွက်သွားတာ ဘယ်ကိုသွားတာလဲ''
''စာအုပ်တိုက်ကိုသွားတာ အကျိုးအကြောင်းကို နေ့လယ်စာစားရင်းမှပြောတော့မယ် ငါအခုပင်ပန်းနေလို့အခန်းထဲသွားတော့မယ်''
''အေး အေး ရေတန်းမချိုးနဲ့နော် အပူရှပ်သွားမယ်''
သူမ မိပုံကိုလှမ်းပြောပီးတော့ တီဗီပြန်ကြည့်ဖို့ပြင်စဥ် အားယံကလည်းဝင်လာတာကြောင့်''မောင်လေးအားယံ ဘယ်ကပြန်လာတာလဲ''
''ဗျာ ကျွန်တော်အပြင်ကပြန်လာတာပါ အမဗိုက်ဆာနေပီလား ကျွန်တော်နေ့လည်စာပြင်လိုက်မယ်လေ အခုတော့အိတ်သွားထားလိုက်အုံးမယ်ဗျ''
''အေးအေး မောင်လေး''
သူမ အားယံထွက်သွားဆာကိုတစ်ဆုံးလိုက်ကြည့်ပီး အခန်းထဲဝင်သွားမှ
''ဒီနှစ်ယောက်ထူးဆန်းနေတယ် ရှေ့ဆင့်နောက်ဆင့်ဝင်လာကြတဲ့အပြင်နှစ်ယောက်စလုံးရဲ့မျက်နှာတွေကလည်းတစ်မျိုးဘဲ တော်ပါပီလေ သူတို့ဘာသာဘယ်လိုနေနေ ငါဟာငါtvကြည့်တာကောင်းတယ်''
.
.
.
.
.
.
နေ့လယ်စာစားနေချိန်တွင် ယိမ်းဘက်မှစကားစလာသည်''မောင်လေးအားယံနဲ့မိပုံ့ ငါ့အိမ်ကိုပြန်တော့မလို့''
''ဟင် ဘာလို့လဲ ဒီမှာနေရတာအဆင်မပြေလို့လား''
''ဟုတ်သား မယိမ်းရယ် အဆင်မပြေတာရှိရင်ကျွန်တော်ကိုပြောပါ''
''အမလေး အဆင်ပြေတာထက်ကိုပိုပါတယ်နော် ဖြစ်နိုင်ရင် ဒီမှာဘဲတစ်သက်လုံးနေသွားချင်တာ''
''အဲ့တာဆို ဘာလို့မနေတာလဲ''
''လူဆိုတာပျော်ရာမှာမနေ တော်ရာမှာနေရတယ်တဲ့ ငါ ဦးမာန်ကိုပေးရမယ့်အကြွေးကိသ္စတွေရှိသေးတယ် ငါပုန်းနေလို့လဲအဆင်ပြေသွားမှာမဟုတ်ဘူး ငါဖေဖေတို့နဲဲဒီနေ့အဆက်အသွယ်ရတာ သူတို့မှာဖြေရှင်းဖို့နည်းလမ်းရှိတယ်တဲ့ အဲ့တာကြောင့် ငါတအိမ်ကိုပြန်ဖို့ဆုံးဖြတ်လိုက်တာ''
''ကောင်းပီလေ နင့်သဘောပါ ဒါပေမဲ့အကူအညီလိုလာရင် ငါ့ကိုအချိန်မရွေးဆက်သွယ်လိုက်နော်''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်