Part-29(Uni&Zawgyi)

287 14 0
                                    

''ကျူး ဘာတွေပြောနေတာလဲ ကျွနိတော်မှာကျူးတစ်ယောက်ထဲရှိတာလေ ကျူးကိုဘဲစိတ်ပူတာတစ်ခြားဘယ့်သူ့ကိုမှစိတ်မပူဘူး''

''နင့်ရဲ့ အချစ်ဦးဆိုတဲ့ဟာမကရော''

''ဗျာ''

''နင်မပြောနိုင်တော့ဘူးမလား ငါအစကတည်းကရိပ်မိခဲ့သင့်တာ နင် နင့်ရဲ့အချစ်ဦးကိုမမေ့နိုင်သေးဘူးမလား  ငါကနင့်ရဲ့အစားထိုးခံမလား ပြောစမ်းပါ နင့်ရဲ့အချစ်ဦးဆိုတဲ့ဟာမနဲ့ငါနဲ့ကဘယ်နေရာတွေမှာဆင်နေတာ ရုပ်ရည်လားအမူအကျင့်လား ဟမ်''
ကျူး အားယံရဲ့ရင်ဘက်တွေကို ထုရိုက်ကာမေးနေမိသည်

''ကျူး တော်တော့ ကျွန်တော်ရှင်းပြမယ်''
ညီ သူ့ကိုထုရိုက်နေတဲ့ ကျူးရဲ့လက်တွေကို ဆုပ်ကိုင်ကာပြောလိုက်သည်

''မရှင်းပြနဲ့ မကြားချင်ဘူး နင်ရဲ့အချစ်ဦးကိုမမေ့နိုင်သေးဘဲ ငါနဲ့မပတ်သတ်နဲ့ ငါဆိုတဲ့မိန်းမကလေ လူတစ်ယောက်ကိုချစ်ပီဆိုရင် အဲ့လူတစ်ယောက်ဘဲ ငါ့စိတ်ထဲမှာရှိတာ အချစ်ဦးကိုလည်းမေ့ပစ်နိုင်တယ် အေး မချစ်ဘဲနဲ့လည်း အစားထိုးချစ်မပြဘူး နင်ကရော ဟမ် နင်ငါ့ကိုမချစ်ဘူးမလား ငါ့ကိုဂရုစိုက်နေသမျှအရာအားလုံးက နင့်အချစ်ဦးရဲ့အစားထိုးအဖြစ်နဲ့မလား ''
သူမ လက်ကချုပ်ထားတာကြောင့် အော်ပြောကာမျက်ရည်တွေကျလာရသည်

''ဟုတ်တယ် ကျွန်တော် ကျူးကို ကျွန်တော့်အချစ်ဦးအဖြစ်နဲ့ ဂရုစိုက်ချစ်ပေးခဲ့တာ''

''ဘာ နင် နင်လုပ်ရက်တယ် ငါ့ကိုမချစ်တဲ့လူတစ်ယောက်နဲ့ ငါဘယ်တော့မှမနေဘူး နင်နဲ့ငါနဲ့လမ်းခွဲကြမယ်''
ကျူး စွပ်စွဲတုန်းကလည်း သူမဆိုပေမဲ့ အားယံရဲ့ပါးစပ်ဖျားကထွက်လာသည့် ဟုတ်တယ် ဆိုတဲ့စကားတစ်ခွန်းက သူမအသည်းနှလုံးတစ်ခုလုံးကြေမွပျက်စီးသွားရသလို မျက်ရည်တွေဟာလည်း အထိန်းအကွပ်မရှိစီးကျလာသည်

''လမ်းခွဲမပေးနိုင်ဘူး ကျူး ကျွန်တော်ပြောတဲ့အကြောင်းတွေက အရင်နားထောင်ပေးပါ ပီးမှကျူးကြိုက်သလို ဆုံးဖြတ်''

''ဟင့်အင်း ဘာမှမကြားချင်ဘူး''
သူမ ခေါင်းကိုခါယမ်းနေမိပီး မကြားချင်ကြောင်းပြောဆိုနေမိသည်

My boyfriend is an authorWhere stories live. Discover now