Part-51(Uni&Zawgyi)

316 18 0
                                    

ဒေါ်သွေးကလျာနီတစ်ယောက် ပရောဂျက်အကြောင်းတင်ပြဖို့ စခရင်ဖွင့်ပြထားတာဖြစ်ပေမဲ့ နောက်ကကြားလိုက်ရတဲ့အသံဟာ သူမအသံနဲ့တူတာမို့ ကြည့်လိုက်တော့ လွန်ခဲ့တဲ့၁၀နှစ်က သူမသိပ်ကိုမုန်းတဲ့မိန်းမနဲ့ပြောနေတဲ့ဗီဒီယိုဖိုင်ဖြစ်ပီး သူမပြန်မတွေးချင်တဲ့လူသတ်မှုအကြောင်းကိုသတိရသွားကာ လူတွေအဲ့တာကိုမမြင်ခင် ရပ်ဖို့ရာ စခရင်ထိန်းချုပ်ရေးသမားကို ပိတ်လိုက်ဖို့ပြောပေမဲ့ ဗွီဒီယိုဖိုင်ကမရပ်တန့်ဘဲ ဆက်လက်ပြသနေပီး အဆုံးထိကြည့်ပီးသွားချိန်တွင် လူတွေဟာ သူမကိုရွံရှာသလိုကြည့်ကာ တီးတိုးပြောနေကြပီး မောင်ကိုကြည့်မိတော့ မောင့်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေပီး သူမကိုနာကျည်းသလိုကြည့်နေတာမို့

''မောင် မဟုတ်ဘူးနော် ကလျာရှင်းပြပါမယ် ကလျာဘယ်သူ့ကိုမှမသတ်ခဲ့ပါဘူး ဒီဟာက ကလျာကိုမနာလိုတဲ့သူက အကောက်ကြံတာနေမှာပါ တစ်ခြားသူတွေမယုံတောင် မောင်ကတော့ ယုံပေးပါနော်''
တစ်ချိန်က မာနကြီးတစ်ခွဲသားနဲ့နေခဲ့တဲ့ ဒေါ်ကလျာနီဟာ အခုချိန်မှာတော့ တစ်ခြားသူတွေထက် ချစ်ရသူကမယုံကြည်မှာစိုးတာကြောင့် သူမမှာ သနားသဖွယ် မောင်ရဲ့လက်ကိုဆုပ်ကိုင်ကာ သူမအပြစ်မရှိကြောင်း အတွင်တွင်ပြောနေမိသည်

ဦးမင်းယံ သူ့ကိုဆုပ်ကိုင်ထားတဲ့လက်တွေကိုဖယ်လိုက်ပီး

''ဘာလို့လဲ ဘာလို့အစောကိုသတ်ခဲ့တာလဲ သူမင်းအပေါ်ဘာအမှားမှမလုပ်ခဲ့ဘူးလေ ဘာလို့ဒီလောက်အပြစ်ကင်းတဲ့သူကိုမှသတ်ရတာလဲ''

''ဘာလို့လဲ ဟုတ်လား အဲ့တာတွေအားလုံးကရှင့်ကြောင့်လေ ရှင်သာအဲ့မိန်းမကိုမချစ်ခဲ့ရင် အဲ့မိန်းမနဲ့လက်မထပ်ခဲ့ရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး ရှင်ကတစ်ချိန်လုံး အဲ့မိန်းမကိုဘဲဂရုစိုက်ပီး ကျွန်မနဲ့သားကိုတော့လျစ်လျူရှုထားခဲ့တာလေ ''

''အဲ့ဒီအချိန်က ငါတို့မှာသက်ဆိုင်သူကိုယ်စီရှိနေခဲ့တာလေ ပီး​တော့အစောဆိုတာက ကိုယ်ရဲ့ သားတိမ်ယံရဲ့အမေလေ ကိုယ်က သူနဲ့လက်ထပ်ထားတဲ့ ခင်ပွန်း အိမ်ရဲ့အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သူတို့ကိုစောင့်ရှောက်ရမှာဘဲ''

My boyfriend is an authorWhere stories live. Discover now