Part-49(Uni&Zawgyi)

259 13 0
                                    

စစ် သူ့ကိုလာဖက်ပီးအရေးမပါတဲ့စကားတွေလာပြောနေတဲ့ သံသာကြောင့် စိတ်ပျက်လာပေမဲ့ ပုံပုံကိုပါထည့်ပြောလာတာကြောင့် နဂိုရှိတဲ့ဒေါသကပြန်ထလာပီး သူမကိုတွန်းဖယ်ကာ ပါးကိုအရှိန်းပြင်းပြင်းဖြင့်ရိုက်ချလိုက်တော့ကြမ်းပြင်ပေါ်လဲကျသွားပီး သူ့ကိုမေးလာတဲ့မေးခွန်းကြောင့် သူစိတ်မရှည်သလို နားကိုလက်နဲ့အသာကလော်လိုက်ပီးနောက် သူရဲ့အင်္ကျီလက်ရှည်ကိုအပေါ်သို့ခေါက်တင်လိုက်ပီး သူမနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်ကာ

''သံသာကို ဘာလို့ရိုက်တာလဲ ကိုကို''

''ငါအစကတည်းကပြောခဲ့တယ် မင်းရဲ့ဟောဒီကလှပတဲ့မျက်နှာလေးမပျက်စီးချင်ရင် ငါနဲ့ဝေးဝေးနေလို့ အခုတော့ မင်းကအတင့်ရဲပီး ငါ့အပိုင်ကိုထိခိုက်အောင်လုပ်ရဲတယ်ပေါ့လေ ဟုတ်လား''
စစ် သူမရဲ့မျက်နှာလေးကိုလက်နဲ့အသာထိတွေ့နေပီး လက်​တွေကအောက်ဆင်းသွားကာ လည်ပင်းနားရောက်ချိန်မှာတော့ သူမရဲ့လည်ပင်းကို အားဖြင့်ညစ်ချလိုက်သည်

''ကိုကို အသက်ရှု အစ် ကျပ်နေပီ လွှတ်ပေးပါ''

''မင်းကိုနောက်ဆုံးအကြိမ်အနေနဲ့ သတိပေးမယ် ငါနဲ့ပုံပုံရဲ့အဝေးဆုံးနေရာမှာနေပါ ဖြစ်နိုင်ရင် ဒီနိုင်ငံမှာမနေတာအကောင်းဆုံးဘဲ ငါမင်းကိုထပ်တွေ့ရင်သတ်မိတော့မှာမလို့လေ ကြားလား''

''ကြားပါတယ် ကြားတာမို့လွှတ်ပေးပါတော့''

''ကောင်းပီလေ ''

''အဟွတ် အဟွတ်''

စစ်လည်ပင်းကိုညစ်ထားရာကနေလွှတ်ပေးလိုက်တော့ အသက်ကိုမနည်းရှူနေရတဲ့သံသာကိုကြည့်ပီး သူကျေနပ်နေမိသည် ပီးနောက်သူထရပ်လိုက်ပီး

''ငါတွဲဖူးသမျှလူတွေထဲမှာ ငါ့အကြောင်းကိုအသိဆုံးအရိပ်ကဲပါးနားလည်ဆုံးက မင်းဘဲ ပီးတော့နောက်တစ်ကြိမ်အမှားထပ်လုပ်ရင် ငါခွင့်မလွှတ်တော့မှာလည်း သိတယ်မလား နောက်ပီး ကိုယ့်ကိုယ်ကိုမငဲ့တောင့် မင်းအဖေကိုတော့ငဲ့ဦးမှပေါ့ မင်းအဖေရဲ့ ကုမ္ပဏီကို ငါလက်ဖျောက်တစ်ချက်တီးရုံနဲ့ ဒေဝါလီခံအောင်လုပ်နိုင်တယ်ဆိုတာသိတယ်မလား ငါပြောချင်တာ ဒီလောက်ဘဲ သွားပီ''

My boyfriend is an authorWhere stories live. Discover now