Part-11(Uni&Zawgyi)

336 17 2
                                    

''ကျွန်တော်က 2002bornလေ ဘာလို့လဲ''

''ဘာလို့မှမဟုတ်ဘူး ဘာအရင်စလုပ်ရမှာလဲပြော''

အဆက်အစပ်မရှိသူ့အသက်မေးပီး အခုကျတော့လည်း ဟင်းချက်တော့မတဲ့ တော်တော်ကိုတတ်လည်းတတ်နိုင်တဲ့ကောင်မလေးပါ
သူကြည့်ပီးပြုံးလိုက်မိသည်

''ထမင်းအရင်ချက်ရအောင်လေ ကျူးဆန်ဆေးတတ်တယ်မလား''

''ဆေးတတ်တာပေါ့ ပေး ဘယ်မလဲဆန်''

''အစွန်းဆုံးက ဗီရိုထဲမှာ တစ်ဗူးဘဲထည့်ပီးဆေးလိုက် ကျွန်တော်တို့နှစ်ယောက်စာဘဲဆိုတော့ ကျွန်တော်က ရေခဲသေတ္တာထဲကအသီးအရွက်တွေသွားထုတ်လိုက်မယ်''

''အင်း အင်း သွားလေ''

သူမ ဘေစင်နား ဆန်ဆေးရင်းနဲ့ အားယံအကြောင်းတွေးမိပြန်တော့ ဒေါသကထွက်လာရသည် သူက 2002bornဆိုတော့ 2015တုန်းက သူ့အသက်13နှစ်ဘဲရှိသေးတာကို အချစ်ဦးရှိနေပီပေါ့လေ ဒီကောင်လေး ရိုးမလိုလိုနဲ့မထင်ရဘူး
စဥ်းစားကြည့်မှ ငါဆို၃နှစ်၄နှစ်သားအရွယ်ကတည်းက စစ်ကိုတစ်ဖက်သက်ကြိုက်လာတာ သူ၁၃နှစ်မှ အချစ်ဦးတွေ့တာဆိုတော့ ဖြစ်တတ်ပါတယ် ဒါပေမဲ့ သူ့မှာအချစ်ဦးရှိတယ်ဆိုတာကို ငါကဘာလို့ဒေါသထွက်နေရတာလဲ သူနဲ့ငါနဲ့ဘာမှမဆိုင်တာကို မဟုတ်မှလွဲရော ငါ အားယံကို စိတ်ဝင်စားနေတာလား အာ မဖြစ်နိုင်ဘူး မဟုတ်တဲ့အတွေးတွေမတွေးစမ်းနဲ့ ငါက တစ်ယောက်ဆိုတစ်ယောက်ဘဲချစ်တတ်တဲ့သူ ငါ့ဘဝတစ်လျှောက်လုံး စစ်တစ်ယောက်ထဲကိုဘဲချစ်လာတာ အားယံထက်ချောတဲ့ မိုက်တဲ့ကောင်လေးတွေနဲ့တုန်းကတောင် ငါဘယ်လိုမှမနေတာကို ဒီအတိုင်း ငါ အားယံကို မောင်လေးတစ်ယောက်လိုချစ်လို့ အမတစ်ယောက်အနေနဲ့ သဘောမကျတာဘဲနေမှာ

သူမ ဆက်မတွေးတော့ဘဲ ဆန်ဘဲဆေးလိုက်တော့သည်

''အားယံ ငါဆန်ဆေးပီးပီ''

''ဟုတ်လား ပေးပေး ဟင်''

''ဘာဖြစ်လို့လဲ အားယံ''

''ကျူး ဆန်တစ်ဗူးပြည့်အောင်ထည့်တာရောသေချာရဲ့လား ''

''သေချာတာပေါ့ ငါအတိအကျကိုချိန်ထည့်လာတာ''

My boyfriend is an authorजहाँ कहानियाँ रहती हैं। अभी खोजें