Part-26(Uni&Zawgyi)

305 15 0
                                    

''ဟဲ့ ကောင်မတွေရေ သတင်းထူး သတင်းထူးဟေ့''

''ဟယ် လန့်လိုက်တာ သံချို နာမည်ကသံချိုဖြစ်သလောက်အသံကစူးထွက်နေတာဘဲ နားကန်းမှာတောင်ကြောက်ရတယ် နင့်ဒီလောက်အော်ကြီးဟစ်ကျယ်ဖြစ်ရတဲ့ သတင်းထူးကဘာလဲ ကန်တင်းထဲကလူတွေတောင်လန့်ကုန်ပီ''

''မမပုံ ကောင်လေးတစ်ယောက်နဲ့ဖက်နေတာတွေ့လို့ဟဲ့ သူ့ကောင်လေးနဲ့တူတာဘဲ''

''ဟမ်''
သူဇာ အသံကျယ်ကြီးနဲ့အော်လိုက်ပီးမှ ပတ်ဝန်းကျင်ကိုသတိရပီး သူမဇာတ်ကလေးပုသွားရသည်

''အဲ့တာဆို မမပုံရည်းစားရနေတာအမှန်ပေါ့''

''အေးပေါ့ဟ''

''ဒါနဲ့ မမပုံ့ရည်းစားကချောလားဟင်''

''အေး ဟုတ်တယ် ချောလား''

''ချော မချောတော့မသိဘူးဟ အရပ်ကတော့တော်တော်ရှည်တယ် အဝေးကကြည့်ရသလောက်တော့''

''နင်ကလည်း သေချာတော့မကြည့်ခဲ့ဘူး''

''ငါမှမကြည့်ရဲတာ နင်ကြည့်ရဲသွားကြည့်လေ''

''နင်ကမြင်ခဲ့တာလေ''
ဇာ​​​ခြည်နဲ့သံချိုတို့နှစ်ယောက်သတ်နေတုန်း ကန်တင်းကို ဝင်လာတဲ့အတွဲကြောင့် သူဇာဟိုနှစ်ယောက်ကိုလက်ကုပ်လိုက်သည်

.

.

''ကျူး ဘယ်နားမှာထိုင်မှာလဲ''

''အွန်း ဟိုဘက်နားမှာထိုင်မှာ''

''ဟုတ်ပါပီဗျာ''

ညီ လက်ထဲက ချိုင့်ကိုစားပွဲပေါ်ချလိုက်ပီး ကန်တင်းကပန်ကန်းပြားတစ်ချပ်သွားတောင်းလာကာ စာဖိုးမှူးအဒေါ်ကြီးကို ခွင့်တောင်းကာ လက်ဆေးလာလိုက်သည်

''ကျူး ငါးဟင်းကြိုက်လား''

''ကြိုက်တော့ကြိုက်တယ် ဒါပေမဲ့အရိုစထွင်ရမှာပျင်းလို့ မစားတာကြာပီ''

''တော်ပါသေးရဲ့ ကျွန်တော်က ကျူး ငါးမကြိုက်မှာကြောက်နေတာ''

''ကြိုက်တယ်လေ ငါ ငါးအရိုးမထွင်တတ်ဘူးလို့''

''ကျွန်တော်ထွင်ပေးမှာပေါ့ ပီးတော့ ကျွန်တော်လက်လည်းဆေးလာခဲ့တယ် ပန်းကန်ပြားသွားယူတုန်းက''

My boyfriend is an authorWhere stories live. Discover now