Part-18(Uni&Zawgyi)

343 20 0
                                    

ညီ ကျူးအတွက်ရေခဲသေတ္တာထဲကနေ ကိတ်မုန့်ထည့်ထားတဲ့ပန်းကန်ပြားလေးထည့်ကာ ဧည့်ခန်းထဲဝင်လာစဥ် ကျူးနဲ့ သူ့သူငယ်ချင်းက စကားပြောရင်းက သူ့ကိုစိုက်ကြည့်လာကြတာမို့ မ​​နေတတ်တော့ဘဲ ခေါင်းလေးကုတ်ကာမေးလိုက်မိသည်

''ဟို..ကျွန်တော်ကိုဘာလို့စိုက်ကြည့်နေကြတာလဲ ကျွန်တော်မျက်နှာမှာတစ်ခုခုပေနေလို့လား''

''မဟုတ်ပါဘူး ပြောစရာရှိလို့ ဒီနားလာထိုင်လှည့်ပါအုံး''

''ဗျာ ဟုတ် ဟုတ် ''
သူလည်း ကျူးတို့ဘေးနားကထိုင်ခုံမှာဝင်ထိုင်လိုက်သည်

''ငါပြောတာသေချာနားထောင်နော် ပြောတယ်ဆိုတာထက် အကူညီတောင်းတာဆိုပိုမှန်တယ်''

''ဟုတ်ကဲ့ ကျွန်တော်နားထောင်နေပါတယ်''

''ယိမ်းကို နင့်အိမ်မှာထားလို့ရလား''

''ဟုတ်ကဲ့..ဗျာ ကျွန်တော်အိမ်မှာ ဒီအမကိုထားဖို့မသင့်တော်ဘူးလားလို့''
သူဟာ ကျူးစကားဆိုရင် အမြဲတမ်းဟုတ်ကဲ့တစ်ခုဘဲပြောတတ်သူမို့အခုလည်း ယောင်ယမ်းကာခေါင်းညိတ်ပီးမှ ဟိုအမကို သူနဲ့အတူတစ်အိမ်ထဲနေခိုင်းဖို့က သူတို့နှစ်ယောက်ကရိုးသားတောင် မသင့်တော်တာမို့မေးလိုက်ခြင်းဖြစ်သည်

''မသင့်တော်မှန်းတော့သိတာပေါ့ ပီးတော့ သူတစ်ယောက်ထဲနေမှာမဟုတ်ဘူး ငါလည်းနေမှာ ငါ့အခန်းကို ခနတစ်ဖြုတ်ဘဲပြန်နေမှာ ငါတို့နင့်အိမ်မှာနေဖို့အဆင်ပြေလောက်လား''

''ပြေပါတယ် ကျွန်တော် လွတ်နေတဲ့အခန်းကိုသွားရှင်းထားလိုက်မယ်''
ကျူးပါနေမည်ဆိုသောကြောင့် သူအပျော်လွန်သွားပီး အခန်းသန့်ရှင်းရေးလုပ်ဖို့အလျင်အမြန်ထွက်သွားတော့သည်

''ကြည့်ပါအုံး ငါတစ်ယောက်ထဲနေမယ်ပြောတုန်းက မသင့်တော်ဘူးလေးဘာလေးနဲ့ နင်ပါနေမယ်ဆိုတော့ကျ တတ်ကြွတဲ့ကြက်ဖကြီးကျနေတာဘဲ ငါတော့ အာရုံရနေပီ မိပုံ့မရေ''

''ဘာကို အာရုံရတာလဲ ဖြတ်ရိုက်လိုက်မယ်''
သူမ ယိမ်းကိုတော့ စိတ်ဆိုးသလိုပြောလိုက်ပေမဲ့ တကယ်တမ်း စိတ်ထဲမှာတော့ ပျော်လွန်းလို့ရီချင်စိတ်ကိုမနည်းထိန်းထားရတော့သည်

My boyfriend is an authorWhere stories live. Discover now