Part-30(Uni&Zawgyi)

325 14 0
                                    

ကျူး အားယံရဲ့ငယ်ဘဝအကြောင်းကိုနားထောင်မိပြန်တော့ စိတ်ဆိုးနေတဲ့ကြားထဲက အားယံကိုသနားသွားမိပြန်သည် ထို့အတူ သူမတတိယနှစ်လောက်တုန်းကတွေ့ခဲ့တဲ့ ကောင်ငယ်လေးရဲ့အဖြစ်အပျက်နဲ့တူနေတာကြောင့် ထိုကောင်လေးဟာ အားယံများဖြစ်နေမလားဆိုတဲ့အတွေးဝင်မိပေမဲ့ ဒါဟာ သူမစိတ်ခံစားချက်သာဖြစ်မည်ဟုမှတ်ချက်ချလိုက်သည် ​​တွေးလို့မှမဆုံး​​သေး အားယံရဲ့နောက်ထပ်ပြောစကားကြောင့် သူမ အားယံပေါ်သနားစိတ်ပျောက်ပီး ဒေါသထွက်သွားရသည်

အားယံရဲ့ပြောလိုက်တဲ့စကားကတော့

''ကျွန်တော် အဲ့အမရဲ့နာမည်ကိုမသိသလို သူဘယ်ကလည်းဆိုတာလဲမသိခဲ့ဘူး ဒါပေမဲ့
ကျွန်တော်ရဲ့နှလုံးသားထဲတင်မက စိတ်ဝိဥာဥ်အတွေးအာရုံထဲထိ ကျူးကျူးကျော်ကျော်နဲ့ ဝင်ရောက်လာခဲ့တဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသောသူဖြစ်တာမို့ သူ့ကို ကျူးလို့ ကျွန်တော်ရင်ထဲကနေ နာမည်ပေးခဲ့တယ် ကျွန်တော်စာစရေးတဲ့အချိန်မှာလေ ကျွန်တော်သာမက စာဖတ်သူတွေရဲ့ပါးစပ်ဖျားမှာတွင်ကျန်နေအောင် ကျွန်တော်ရဲ့ကလောင်အမည်ကို ကျူးလို့ သတ်မှတ်ခဲ့တာ''

ဖြန်း
ကျူး အားယံရဲ့ပါးကို အားပြင်းပြင်းနှင့်ရိုက်ချလိုက်သည်

''အဲ့တာဆို ငါကရော ဟမ် နင်ငါ့ဘက်ကိုရောမတွေးပေးခဲ့ဘူးလား နင့်ငါ့ကိုကျူးလို့ခေါ်တာကလဲ ငါရဲ့နာမည်ကိုအဖျားစွတ်ခေါ်တာမဟုတ်ဘဲ အဲ့ဒီမိန်းမရဲ့ကိုယ်ပွားအနေနဲ့ခေါ်ခဲ့တာပေါ့ နင်ဘယ်လိုတောင် ဟန်ဆောင်ကောင်းရတာလဲ ငါကတော့....ငါကတော့ချစ်လိုက်ရတာ နင် သိပ်လုပ်ရက်တယ်''

ညီ ကျူးရိုက်လို့နာသွားတာမှန်ပေမဲ့ သူပြုံးပီး ကျူးကိုစိုက်ကြည့်လိုက်သည်

''ကျွန်တော်ပြောတာမပီးသေးဘူး ကျူး ကျွန်တော်သူ့ကို ဆယ်နှစ်ကျော်အကြာ ကျွန်တော်ရန်ကုန်ကိုပြန်ရောက်တဲ့အချိန်မှာတွေ့ခဲ့တယ် သူက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကအတိုင်းဘဲ ​ကျွန်တော့်ကိုပြုံးပီးစကားပြောခဲ့တယ် အရပ်ကလည်းနည်းနည်ရှည်တာနဲ့ ဆံပင်လေးရှည်တာကလွဲရင် ဘာမှမပြောင်းလဲဘူး အဲ့လိုဘဲ သူရဲ့အပြုံးကိုမြင်ရတဲ့အခိုက် ကျွန်တော့်ရဲ့နှလုံးခုန်သံတွေကလည်း သူမကိုစတွေ့တဲ့အချိန်တုန်းကအတိုင်းခုန်နေခဲ့တယ် ''

My boyfriend is an authorWhere stories live. Discover now