Part-36(Uni&Zawgyi)

313 11 0
                                    

နောက်တစ်နေ့တွင်တော့ သူမတို့နှစ်ယောက်တောင်ကြီးမြို့က ထင်ရှားတဲ့နေရာတစ်ချို့ကိုလည်ပတ်ကာ ညနေရောက်ချိန်တွင် တန်ဆောင်တိုင်ကျင်းပရာ အဝေးရာမီးပုံးပျံကွင်းသို့ ဆိုင်ကယ်လေးနှင့် သွားကြတော့သည် သူမတို့ရောက်ချိန်တွင်လူကသိပ်မစည်းသေးဘဲ မှောင်လာလေ လူတွေစည်းကားလာလေဖြစ်သည် မီးပုံပျံကွင်းတွင် စားစရာတန်းများ အသုံးအဆောင်ပစ္စည်းများအပြင် ကစားစရာများလည်းရှိသည် သူမတို့လျှောက်ပတ်လည်ကြရင်းက ချားရဟက်နားသို့ရောက်သောအခါ နှစ်ယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပီးပြုံးမိလိုက်ကြသည်

''ကျူး ဘာလို့ ချားရဟက်ကိုကြရည့်ပီီလိုက်တာလဲ''

အကြောင်းပြချက်ကိုသိရဲ့သားနဲ့လာမေးနေသောအားယံကြောင့် သူမမျက်စောင်းလေးဝင့်လိုက်မိသည်

''မသိဘူး''

''ကျူးက မသိဘဲနဲ့ရီတာလား ကျွန်တော်ကတော့ အဲ့ဒီချားရဟက်ပေါ်မှာ ကျွန်တော်တို့နှစ်ယောက် အွန်းး''

''အရှက်ကိုမရှိဘူး ဘာတွေလျှောက်ပြောနေတာလဲ လူတွေအများကြီးရှိတာကို ''
ကျူး အားယံရဲ့ပါးစက် လက်ဖြင့်ကပျာကယာပိတ်ကာ ခပ်တိုးတိုးဆိုလိုက်သည်

''ကျူးက ဘာတွေတွေးနေတာလဲဗျ ကျွန်တော်က ကျွန်တော်နှစ်ယောက် ပထမဆုံးချိန်းတွေ့တဲ့နေ့က ချားရဟက်စီးခဲ့တာလို့ပြောမလို့ကို ကောင်မလေးမဟုတ်တာတွေ တွေးနေတာဘဲ''

''အားယံ နင်နော် တော်ပီ နင်နဲ့စကားမပြောတော့ဘူး ဟွန့်''
သူမလက်ပိုက်ကာ မျက်နှာကိုတစ်ဖက်လှည့်ပီး ခပ်စူစူလေးပြောလိုက်သည်

''ရွှေစိတ်တော်တော့ မဆိုးလိုက်ပါနဲ့ ကျူးရယ်ကျွန်တော်က စတာပါဗျ အခု ကျူးဘာလုပ်ချင်လဲ ချားရဟက်စီးမလား''

''မစီးပါဘူး ပွဲစျေးဘဲ လျှောက်ပတ်ကြည့်မယ်''

''ဟုတ်ပါပီ အဲ့တာဆိုလည်းပတ်ကြည့်ကြတာပေါ့လာ''
ညီ ကျူးရဲ့လက်ကလေးကိုဆွဲကိုင်ကာ ပွဲစျေးတစ်ခွင်လျှောက်ပတ်ကြည့်နေမိသည်
.
.
.
.
''အားယံ ငါဗိုက်ဆာတယ် မနြ့်တစ်ခုခုစားရအောင်''

My boyfriend is an authorWhere stories live. Discover now