Part-7(Uni&Zawgyi)

380 14 0
                                    

ပုံ့ပုံ့သူ့ရှေ့မှာမုဆိုးဒူးထောက်ထိုင်ချသော အားယံ​ကြောင့် သူမ မျက်လုံးလေးကိုပွတ်ပီးမေးလိုက်မိသည်

''အားယံ ဘာလုပ်နေတာလဲ''

''ကျူးကမူးနေတာလေ အခုလိုပုံမျိုးနဲ့လမ်းလျှောက်ရင်မိုးလင်းတောင်တိုက်ခန်းကိုရောက်မှာမဟူတ်ဘူး လာကျောပေါ်တတ်''
သူနောက်ပြန်လှည့်ကာပြောပီး ကျောပေါ်တတ်ရန်ပုတ်ပြလိုက်သည်

''ငါကလေးတယ်နော် နင်နိုင်ပါ့မလား''

''လာပါ တတ်ပါ''

''အဲ့တာဆိုလည်း ပီးရော''
သူမလည်း အားယံရဲ့ကျောပေါ်ကိုတတ်ကာ လည်ပင်းကိုသိုင်းဖက်ထားလိုက်သည်

''အားယံ နင်အဆင်မပြေတော့ရင်ပြောနော် ငါအောက်ဆင်းပေးမယ်''

''ဒီလောက်ကတော့ အေးဆေးပါ ကျူးရဲ့ ဒါနဲ့ကျူးက ဘာလို့အများကြီးသောက်လိုက်ရတာလဲ''
သူကျူးကို ကုန်းပိုးလမ်းလျှောက်နေရင်းမေးလိုက်မိသည်

''ဝမ်းနည်းလို့''

''ဘာလို့ ဝမ်းနည်းတာလဲ ကျူးရဲ့''

''မပြောချင်ဘူး''
သူမပြောပီး အားယံရဲ့ပုခုံးပေါ်ကိုမှီနေလိုက်သည်

ညီ ကျူးကမပြောချင်ဘူးဆိုသောကြောင့်ထပ်မမေးတော့ဘဲ သူတို့နှစ်ယောက်ရဲ့ကြားကလေထုကငြိမ်သက်သွားပြန်သည်

''အားယံ နင်ဘာရေမွှေးသုံးတာလဲဟင်''

''ကျွန်တော်က... ရေမွှေးသုံးတာလေ ဘာဖြစ်လို့လဲ''

''အရမ်းမွှေးလို့ ငါကြိုက်တယ်''

''ကျူး ကြိုက်တယ်ဆိုရင် ကျွန်တော်နောက်ရက်ကျ အသစ်ဝယ်ပေးမယ်လေ''

''ဟင့်အင်း ငါကနင့်ကိုယ်မှာ ရေမွှေးနံရှိနေတာကိုကြိုက်တာ ''
သူမပြောပီး အားယံရဲ့ လည်ပင်းနားကိုနှာ​​ခေါင်း​​လေးနဲ့တရှုတ်ရှုတ်နမ်းနေမိသည်

ညီ လည်ပင်းကအထိအတွေ့ကြောင့် စိတ်ထဲမယိုးမယွဖြစ်လာတာမို့ သူမရဲ့တိုက်ခန်းဆီသို့အမြနိသွားနေရသည်

''ကျူး တိုက်ခန်းpasswordကဘာလဲဟင်''

''14121997''
သူမပြောပီး ဆက်နမ်းနေတာကြောင့် ညီ သူမကို အခနိးထဲမြန်မြန်ပို့ကာ ပြန်ရန်စိတ်ကူးလိုက်တော့သည်

My boyfriend is an authorDonde viven las historias. Descúbrelo ahora