Chapter 1

5.4K 336 4
                                    

Chapter 1 – ကူးပြောင်းခြင်း

လုရှနိုးလာချိန်တွင် အပြင်ဖက်မှာအသံတွေမရှိရာ သူမမိသားစုထွက်သွားနှင့်တာဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

သေချာဂရုတစိုက်နဲ့ထထိုင်လိုက်ပြီယ အခန်းပတ်လည်ကိုကြည့်လိုက်ကာ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ အခန်းကသိသိသာသာသေးငယ်ပေမဲ့ ပစ္စည်းပစ္စ‌ယတွေနဲ့ပြည့်နေရာ ပြည့်ကျပ်ညပ်နေပုံပေါက်သည်။

အင်းလေ ဒီနေရာလေးမှာလူသုံးယောက်နေတာပဲဟာ မပြည့်ကျပ်ပဲနေမလား!

နံရံတွေကဟောင်းနွမ်းစုတ်ပြတ်နေပြီး နံရံနဲ့မျက်နှာချင်းဆိုင်မှာ သူမအစ်မဖြစ်သူနဲ့ညီမလေးတို့အိပ်တဲ့ နှစ်ထပ်ကုတင်တစ်လုံးရှိသည်။ ကုတင်ဘေးတွင် သေတ္တာအနည်းငယ်ရှိပြီး ထိုဟာကနေရာအကုန်ပင်။

ဒီဖက်ခြမ်းမှာကတော့ တကယ်တမ်း 'အိပ်ရာ'လို့ခေါ်လို့မရတဲ့ သူမရဲ့အိပ်ရာလေးရှိသည်။ သူမအိပ်ရာကရိုးရိုးရှင်းရှင်းသစ်သားပြားနှစ်ချပ်ကို ပူးထားရုံတင်ဖြစ်ပြီး 1.5 မီတာလောက်ပဲရှည်နိုင်သည်။ ခုနကသူမခြေထောက်တွေ လေထဲတွဲလောင်းကျသလိုခံစားမိခဲ့တာ မဆန်းတော့ပါဘူး။

ထောင့်နားလေးတွင် သူမအစ်မကြီးရဲ့အထူးသီးသန့်နေရာဖြစ်သည့် ကျဉ်းကျဉ်းကျုတ်ကျုတ်မှန်တင်ခုံလေးတစ်ခုရှိသည်။ ပြီးတော့ ဒါအကုန်ပဲလေ။ အခန်းကပြည့်ကျပ်ညပ်နေသည်။ ကံကောင်းစွာနဲ့ အိမ်ထဲမှာပြတင်းပေါက်လေးတစ်ခုရှိတာကြောင့် သိပ်မှောင်မဲနေပုံမရပေ။

သူမနဲ့ဆန့်ကျင်ဖက်ခြမ်းက တောင့်တင်းခိုင်မာသည့်နှစ်ထပ်ကုတင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမရဲ့အမည်တပ်လို့ရရုံ ' အိပ်ရာ' ကိုငုံ့ကြည့်လိုက်သည်။ ဒါကိုမူလကိုယ် ဘယ်လိုသည်းခံခဲ့လဲဆိုတာသူမမသိပေ။

ဟုတ်တယ်၊ မူလကိုယ်။

လက်ရှိလုရှကအရင်ကလုရှမဟုတ်တော့ပေ။ လက်ရှိလုရှက၂၁ရာစုမှအချိန်ခရီးသွားလာခဲ့သူဖြစ်သည်။ ဒီအမှန်တရားကိုလက်ခံနိုင်ဖို့ သူမမှာတစ်မနက်လုံးအချိန်ယူခဲ့ရသည်။ မူလကိုယ် ဘယ်ရောက်ဘယ်ပေါက်သွားတာလဲဆိုတာကရော?

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now