Chapter 87

1K 193 0
                                    

Chapter 87 –  မိသားစုအခြေအနေ
.

ကျန်းကျွင်းမော့ရဲ့မိဘတွေသည်အာဇာနည်တွေဖြစ်ကြပြီး သူမွေးဖွားပြီးနောက်သိပ်မကြာခင်မှာ တိုင်းပြည်အတွက်အသက်တွေစွန့်လွှတ်စတေးခဲ့ကြသည်။ ထို့ကြောင့် သူ့ကလေးဘဝတွင် ဦးလေးဖြစ်သူရဲ့မိသားစုနဲ့အစ်မလေးယောက်ရဲ့ ပြုစုစောင့်ရှောက်ပေးပြီး ကျွေးမွေးပျိုးထောင်တာခံခဲ့ရသည်။

သူ့ဦးလေးမိသားစုကသူ့ကိုအလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူကျန်းမာရေးမကောင်းဖြစ်နေချိန်မှာပင် သူတို့ကသူပြန်ကျန်းမာလာအောင် နည်းလမ်းအမျိုးမျိုးကြိုးစားကာ ကူညီပေးခဲ့ကြပြီး သူတို့သားအရင်းထက်ပင် သူ့ကိုပိုကောင်းကောင်းဆက်ဆံသည်။

တကယ်တော့ ဒီကျေးလက်သွားဖို့တာဝန်က မူလကသူ့ဦးလေးရဲ့သားအတွက်ရည်ရွယ်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ သူ့ဝမ်းကွဲရဲ့ကလေးဘဝတည်းကအိပ်မက်က စစ်သားတစ်ယောက်ဖြစ်လာဖို့ပါပဲ။

ဒါပေမဲ့ အစိုးရမူဝါဒအရ မိသားစုတိုင်းကကျေးလက်ကိုမိသားစုဝင်တစ်ယောက် လွှတ်ရမှာဖြစ်ရာ သူ့ဝမ်းကွဲနဲ့သူအပြင်မိသားစုထဲမှာ လိုအပ်ချက်နဲ့ကိုက်ညီတဲ့သူတခြားဘယ်သူမှမရှိပေ။ သူကကျန်းမာရေးမကောင်းတာကြောင့် သူ့ဝမ်းကွဲကစစ်သားတစ်ယောက်ဖြစ်လာဖို့အိပ်မက်ကိုလက်လျှော့ပြီး အဲ့ဒီအစား ပညာတတ်လူငယ်တစ်ယောက်အဖြစ်ကျေးလက်ကိုသွားရန် ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ သူ့ဝမ်းကွဲစစ်တပ်ထဲဝင်ခွင့်ရစေဖို့အတွက် ကျန်းကျွင်းမော့ကကိစ္စတွေကိုကိုယ့်ဘာသာကိုင်တွယ်လိုက်ပြီး သူ့အတွက်သူတိတ်တိတ်လေးစာရင်းပေးသွင်းလိုက်သည်။ ဒီအကြောင်းကိုသူမိသားစုသိသွားချိန်မှာတော့ နောက်ကျသွားလေပြီ။ သူ့ဦးလေးကသူ့နေရာကိုဝမ်းကွဲနဲ့အစားထိုးချင်‌ခဲ့ပေမဲ့ သူကငြင်းဆန်ခဲ့ပြီး အဖိုးကိုပင်တောင်းဆိုခဲ့ပေမဲ့ အဖိုးဖြစ်သူကလည်းသူ့ကျန်းမာရေးကို စိတ်ပူသည်။

နောက်ဆုံးတွင် သူကကျေးလက်မှာကောင်းကောင်းလုပ်ပါ့မယ်လို့ အထပ်ထပ်ကတိပေးခဲ့ပြီးတော့မှ သူတို့ကတုံ့ဆိုင်းစွာသဘောတူပေးခဲ့ကြသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now