Chapter 10

2.2K 247 0
                                    

Chapter 10 – ဒါရိုက်တာဝမ်ကိုရှာခြင်း


ထိုအချိန်တွင် အမျိုးသားသည်လုရှရဲ့အကြည့်တွေကိုသတိပြုမိသွားပုံရပြီး သူမကိုပြန်ကြည့်လာသည်။ မမျှော်လင့်ထားတဲ့ မျက်လုံးခြင်းဆုံစည်းမှုသည် လုရှကိုအနည်းငယ်အနေရခက်သွားစေသည်။ နောက်ဆုံးမှာတော့ သူမကတမင်တကာခိုးနားထောင်ခဲ့တာမဟုတ်ပေမဲ့ တစ်ခုခုကိုကြားခဲ့တာပဲလေ။

ဒါပေမဲ့ အမျိုးသားက‌စိတ်ထဲထားဟန်မတူပေ။ သူကသူမကိုခေါင်းညိတ်ပြကာ အေးအေးလူလူပင်အဝေးသို့လျှောက်သွားသည်။ အမြင်အာရုံထဲမှ သူ့ပုံရိပ်ပျောက်သွားတာနဲ့ လုရှစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။

ထို့နောက် သူမဘာသာတစ်ယောက်တည်းရယ်မောလိုက်သည်။ တကယ်ပါပဲ ၂၁ရာစုမှာ ချောမောခန့်ညားတဲ့ကိုလူချောအများအပြားကို သူမမြင်တွေ့ဖူးပေမဲ့ ရူးနှမ်းနှမ်းဖန်ဂဲလ်လေးလို ပြုမူမိလိုက်တုန်းပါပဲ။ ဒါပေမဲ့ အလှတရားကိုမက်မောမှုက ကျား၊မ မရွေးလူတိုင်းဖြစ်တာကြောင့် သူမအပြုအမူတွေကပုံမှန်ပါပဲ။

ထိုအဖြစ်အပျက်ပြီးနောက် ဒီကိစ္စကသူမနဲ့ဘာမှမဆိုင်သည့်အတွက် အချိန်ဆက်ဖြုန်းမနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးနောက် အလုပ်အကြောင်းသွားစုံစမ်းဖို့ ပြင်ဆင်လိုက်သည်။

စိတ်ထဲမှာထိုအတွေးဖြင့် လုရှပန်းခြံထဲကထွက်ကာ မီးသီးစက်ရုံဆီတိုက်ရိုက်ထွက်လာခဲ့သည်။

လက်ရှိတွင် စက်ရုံသည်အလုပ်လုပ်နေဆဲဖြစ်ပြီး ရောက်လာပြီးနောက်မှာ လုရှသည်စက်ရုံဝင်းအဝတွင် နှစ်ကြိမ်လောက်လှည့်ပတ်လျှောက်လိုက်သည်။ လုံခြုံရေးအစောင့်သည် သူမကိုဘာအကြောင်းရှိလို့ရောက်လာတာလဲဟု မေးမြန်းလေသည်။

လုရှ သူ့ကိုရှက်ကိုးရှက်ကန်းလေးပြုံးပြလိုက်ပြီး " ဆရာကြီး ကျွန်မကမကြာခင်ဒီမှာအလုပ်သမားအသစ်အဖြစ် အလုပ်လာဆင်းတော့မှာပါ အလုပ်တစ်ခုရဖို့ကရှားရှားပါးပါးဆိုတော့ ကျွန်မရဲ့စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်လို့ ကြိုပြီးလာကြည့်ကြည့်တာပါ"

လုံခြုံရေးအစောင့်သည် သူမကိုသေချာကြည့်ပြီးမှ ပြုံးလိုက်သည်။
" ‌မင်းအတွက်ကောင်းတာပေါ့ စက်ရုံကလတ်တလောမှာအလုပ်သမားအသစ်တွေခန့်အပ်ခဲ့တယ်လို့ကြားမိတယ် လူသိရှင်ကြားမဟုတ်ပေမဲ့ လူအယောက်တစ်ရာကျော်လျှောက်ခဲ့တာ ငါးယောက်ပဲ‌အရွေးခံခဲ့ရတယ် မင်းလိုကောင်မလေးကတစ်နေရာရခဲ့မယ်လို့ မထင်မိဘူး"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Dove le storie prendono vita. Scoprilo ora