Chapter 36

2K 240 0
                                    

Chapter 36 – ချက်ပြုတ်ခြင်းအစီအစဉ်များ

.
အမျိုးသမီးပညာတတ်လူငယ်တွေအနက် ချန်းရွှယ်သည်အလှဆုံးဖြစ်သည်။ သူမသည်စူးမန့်နဲ့မယှဉ်နိုင်သော်ငြား ကျက်သရေရှ်ိတဲ့အလှလေးတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး အမျိုးသားပညာတတ်လူငယ်အချို့သည် သူမကိုအထူးစိတ်ဝင်စားနေပုံရသည်။

ဒါပေမဲ့ သူမကအနည်းငယ်ရှက်တတ်ပုံရပြီး တစ်ညနေခင်းလုံးစကားသိပ်မပြောခဲ့ပေ။

ရှန်ချင်းချင်းကတော့ ကလေး‌တစ်ယောက်နဲ့တူသည်။ သူမကျေးလက်ကိုရောက်လာတော့ ဆယ့်လေးနှစ်ပဲရှိသေးတယ်လို့ ဆိုကြသည်။ သူမအစ်ကိုဖြစ်သူရဲ့နေရာမှာအစားထိုးပြီး ကျေးလက်ကိုလာဖို့အတွက် မိသားစုကသူမအသက်ကို နှစ်နှစ်လိမ်ညာတိုးခဲ့ကြသည်။ တကယ့်တကယ်မှာတော့ သူမသည်ဒီနှစ်မှဆယ့်ခြောက်နှစ်ပဲရှိသေးပေမဲ့ ပို၍ပင်ငယ်ရွယ်ပုံပေါက်သည်။

ဒါပေမဲ့ ပညာတတ်လူငယ်အဟောင်းတွေက သူမကိုကောင်းကောင်းဂရုစိုက်ပေးကြတာ သိသာထင်ရှားပါသည်။ ခြုံပြောရရင် ပညာတတ်လူငယ်များနေရာသည် လက်ရှိမှာသဟဇာတဖြစ်ပုံရပြီး လုရှအတော်လေးစိတ်ကျေနပ်သွားသည်။

သူမသည်လူတိုင်းကို စာအုပ်ထဲကသူတို့ရဲ့အခန်းကဏ္ဍနဲ့ကိုက်ညီဖို့ မရည်ရွယ်ထားပေ။ နောက်ဆုံးမှာတော့ ဒါကကမ္ဘာအစစ်တစ်ခုပါပဲ။

ထို့ပြင် သူမစာအုပ်ဖတ်ခဲ့တုန်းက အဓိကဇာတ်လိုက်တွေအပေါ်မှာပဲအာရုံစိုက်ခဲ့ပြီး ဇာတ်ပို့ဇာတ်ကောင်တွေကို အကျဉ်းချုံ့ပြီးအပေါ်ယံလောက်သာဖတ်ခဲ့သည်။ ဒီဇာတ်ကောင်တွေရဲ့ဖော်ပြချက်နဲ့ ပညာတတ်လူငယ်များနေရာကအဖြစ်အပျက်တွေကို မေ့နေသလောက်ဖြစ်တာကြောင့် ထိုကိစ္စနဲ့ပတ်သတ်ပြီးစိုးရိမ်စရာမလိုပေ။

ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုရှောင်သရွေ့ အဆင်ပြေသွားပေလိမ့်မည်။ သူတို့သည်မိုးချုပ်သည်အထိစကားပြောခဲ့ကြပြီး ကိုယ့်မွေးရပ်မြေက အမျိုးမျိုးသောအကြောင်းတွေကို ဆွေးနွေးခဲ့ကြပြီးမှ အိပ်စက်ရန်အခန်းတွေဆီပြန်ခဲ့ကြသည်။

လုရှနဲ့ကျန်နှစ်ယောက်မှာ တကယ်တမ်းတော့အိပ်မငိုက်ကြပေမဲ့ ကျေးလက်မှာကလျှပ်စစ်မီးမရှိတာကြောင့် ယေဘုယျအားဖြင့် အိပ်ရာစောစောဝင်တတ်ကြသည်။ ထို့ပြင် သူမတို့ကမနက်ဖြန်အလုပ်စဆင်းရမှာဖြစ်‌တာကြောင့် စောစောစီးစီးအနားယူရန်လိုအပ်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now