Chapter 93

997 161 0
                                    

Chapter 93 –  တောင်းပန်ခြင်း
.

ထွက်ခွာလာကြတဲ့ပညာတတ်လူငယ်များသည် ရွာလူကြီးနဲ့အတွင်းရေးမှူးကြားက စကားဝိုင်းကိုမသိခဲ့ကြပေမဲ့ သူတို့ကရွာလူကြီးပေးလိုက်တဲ့ အာမခံချက်ကြောင့်စိတ်ကျေနပ်သွားကြပြီး နောက်ဆိုရွာထဲမှာသူတို့ကအပြင်လူတွေလိုမခံစားရတော့ဘူးလို့ ယုံကြည်သွားကြသည်။

ဒါပေမဲ့ ပညာတတ်လူငယ်များနေရာဆီရောက်ချိန်တွင် ကျောက်ဟွာသည်စွင်းရှန်းနန်ကို စကားပြောရန်ဘေးသို့တိတ်တဆိတ်ဆွဲခေါ်သွားသည်။

" မင်းဒီနေ့အဲ့ဒီစကားတွေမပြောလိုက်သင့်ဘူး"

" ဘာ? ကျွန်မပြောတာအရမ်းပြင်းထန်တယ်လို့ ရှင်ကထင်တာလား?"
စွင်းရှန်းနန် အေးတိအေးစက်မျက်နှာထားနဲ့ သူ့ကိုကြည့်လိုက်သည်။

ကျောက်ဟွာသက်ပြင်းချလိုက်ပြီး " မင်းဒီမှာရှိနေတာလေးနှစ်ကြာပြီ အမြဲတမ်းသည်းညည်းခံနေခဲ့တာပါ ဘာလို့အခုတစ်ခေါက်ကျမှ ဒီလောက်တင်းမာသွားရတာလဲ? ရွာသားတွေကမင်းအပေါ်အညှိုးထားပြီး နိုင်ငံရေးဆိုင်ရာသုံးသပ်ချက်မှာ မင်းအပေါ်ပစ်မှတ်ထားလာခဲ့ရင် ဘယ်လိုလုပ်မလဲ?"

သူ့စကားတွေကြားလိုက်ရတော့ စွင်းရှန်းနန်မျက်မှောင်ကျုံ့သွားပြီး သက်ပြင်းချလိုက်သည်။
" ကျွန်မသိပါတယ် ဒါပေမဲ့ ဆက်သည်းမခံနိုင်တော့ဘူး ဒီနှစ်တွေတစ်လျှောက်မှာ ရှင်တို့အမျိုးသားပညာတတ်လူငယ်တွေအတွက် ကိစ္စတွေကလွယ်ကူအဆင်ပြေခဲ့ပေမယ့်  အမျိုးသမီးပညာတတ်လူငယ်ဘယ်လောက်များများက သားကောင်ဖြစ်ခဲ့ရပြီးပြီလဲ? အမျိုးသမီးပညာတတ်လူငယ်တွေကိုကိုယ်စားပြုသူတစ်ယောက်အနေနဲ့ ကျွန်မကစိတ်မဝင်စားပဲဘေးကနေရပ်ပြီး ကြည့်မနေနိုင်တော့ဘူး"

‌သူမပြောတာကိုနားထောင်ပြီးနောက် ကျောက်ဟွာလည်းသက်ပြင်းချလိုက်သည်။
" မင်းဘာကြောင့်ဒီလိုပြင်းပြင်းထန်ထန်မုန်းတီးမှု ရုတ်တရက်ဖြစ်လာတာလဲဆိုတာငါနားမလည်တော့ဘူး သူတို့ကိစ္စကမင်းနဲ့ဘာမှမဆိုင်ဘူးလေ မင်းကကိုယ့်ကိုကိုယ်ခက်ခဲတဲ့အနေအထားရောက်အောင်လုပ်နေတာ ဒါကမင်းကိုဘယ်လိုအကူအညီမှမရစေဘူးနော် စောင့်ကြည့်နေလိုက် အနာဂတ်မှာဒီကိစ္စကြောင့်နဲ့မင်းမှာတစ်ခုခုဖြစ်ပျက်လာရင် ဘယ်သူကမှမင်းကိုဂရုဏာသက်မှာမဟုတ်ဘူး"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now