Chapter 33

1.9K 241 0
                                    

Chapter 33 – အခန်း
.

ပညာတတ်လူငယ်များနေရာဟုခေါ်သော်ငြားတကယ်တမ်းတော့အိမ်နှစ်လုံးကိုဆက်ထားတာဖြစ်သည်။ ယောက်ျားလေးတွေကတအိမ်မှာနေကြပြီး မိန်းကလေးတွေကနောက်တစ်အိမ်မှာနေကြသည်။

အိမ်တစ်လုံးစီတွင်အခန်းသုံးခန်းရှိပြီး အထဲဝင်လိုက်တဲ့အခါ မီးဖိုချောင်အဖြစ်ပါအသုံးပြုတဲ့ ဧည့်ခန်းတစ်ခုရှိပြီး မီးဖိုချေုင်ဘယ်ညာတစ်ဖက်စီတွင် အိုးကြီးနှစ်လုံးချထားပြီး တစ်ခုချင်းဆီကိုအခန်းထဲကအနွေးကုတင်(ခန်)နဲ့ချိတ်ဆက်ထားသည်။

ဒီနည်းဖြင့် မီးဖိုချောင်ထဲမှာချက်ပြုတ်ပြီး တစ်ချိန်တည်းမှာပဲကုတင်ကိုအနွေးပေးနိုင်သည်။ အတရုတ်အရှေ့မြောက်ပိုင်းရဲ့ချမ်းအေးတဲ့ဆောင်းရာသီအတွင်း ကျေးလက်အိမ်အများစုသည် ဒီအပြင်အဆင်အတိုင်းရှိကြသည်။

လုရှနဲ့ကျန်သူတွေသည်အခန်းတွေကို ခပ်မြန်မြန်တစ်ချက်ကြည့်ပြီးနောက် အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက် ပညာတတ်လူငယ်နှစ်ဦးပြန်ရောက်လာသည်။ အမျိုးသမီးပညာတတ်လူငယ်သည် နှစ်ဆယ်ကျော်အရွယ်ဖြစ်ပြီး အရည်အချင်းရှိပုံပေါ်ပေမဲ့ သူမမျက်နှာပေါ်ကကြမ်းတမ်းမှုနဲ့ ငြီးငွေ့နွမ်းလျမှုတို့က ကျေးလက်မှာရောက်နေတာကြာပြီဖြစ်ကြောင်း ပေါ်လွင်နေသည်။

သူတို့ကိုမြင်လိုက်ရတော့ သူမကပြုံး၍ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်သည်။
" ငါကစွင်းရှန်းနန်ပါ အမျိုးသမီးပညာတတ်လူငယ်တွေရဲ့တာဝန်ရှိသူ"

ကျန်အမျိုးသားပညာတတ်လူငယ်ကလည်း သူ့ကိုယ်သူမိတ်ဆက်သည်။
" ငါကကျောက်ဟွာ အမျိုးသားပညာတတ်လူငယ်တွေရဲ့တာဝန်ရှိသူ အကြောင်းမသင့်ချင်တော့ လူတိုင်းကအလုပ်ကိုသွားလိုက်ကြပြီ မင်းတို့နေရမဲ့အခန်းတွေကို အရင်လိုက်ပြပေးပါရစေ မင်းတို့နေရာချဖို့ကူညီပေး‌မယ်"

သူတို့တွေသဘောတူညီစွာခေါင်းညိတ်လိုက်ကြသည်။ လက်ရှိမှာသူတို့သည်တကယ်ပင်ပန်းနေပြီဖြစ်ရာ စကားစမြည်ပြောဆိုဖို့ စိတ်အခြေအနေမရှိတော့ပေ။ သူတို့သည်တတ်နိုင်သမျှ အနားပဲယူလိုက်ချင်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now