Chapter 42

1.8K 237 0
                                    

Chapter 42 – ကျင့်သားရလာခြင်း

.

ဒီနေ့သည် စူးမန့်နဲ့ကျွမ်းဟုန်မိန်တို့ ချက်ပြုတ်ရန်အလှည့်ကျသည့်နေ့ဖြစ်သည်။ စူးမန့်သည်မချက်ပြုတ်တတ်ပေမဲ့ ကျွမ်းဟုန်မိန်ကတော့ချက်တတ်သည်။ သူတို့နှစ်ယောက်အသင်းဖွဲ့ပြီးနောက်မှာ စူးမန့်သည်တစ်နည်းနည်းနဲ့ကျွမ်းဟုန်မိန်ကို ကိုယ့်ဘာသာကိုယ်ချက်ရန် သိမ်းသွင်းနိုင်ခဲ့ပြီး စူးမန့်ကတော့လက်တိုလက်တောင်းပင်။

ဒါပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် ‌သူတို့ချက်ပြုတ်ခဲ့တဲ့နေ့လည်စာသည် အထူးသဖြင့်ကိုဆိုးရွားခဲ့ရာ အခုချိန်မှာ ညစာအတွက်အသားရှိနေပြီဖြစ်တာကြောင့် လူတိုင်းသည်သူတို့ကို ချက်ပြုတ်ခိုင်းဖို့တွန့်ဆုတ်နေကြသည်။

ထို့ကြောင့် စွင်းရှန်းနန်သည်ညနေခင်းအချက်အပြုတ်တာဝန်ယူလိုက်ပြီး တခြားသူတွေကသူမကိုဝိုင်းကူပေးကြသည်။ မကြာမီ အာလူးနဲ့ယုန်သားစတူးအိုးကြီး အသင့်ဖြစ်သွားသည်။

အသားရဲ့ပေါကြွယ်ဝတဲ့အနံ့လှိုင်လှိုင်သည် လူတိုင်းကိုသွားရည်ကျစေသည်။ လူစုသည်ဆက်မထိန်း‌ထားတော့ပဲ တူကိုယ်စီနဲ့အသားဆီချက်ချင်းလက်လှမ်းလိုက်ကြသည်။ လုရှလည်းချွင်းချက်မဟုတ်ပေ။ ဒါကသူမရဲ့ပထမဆုံးအကြိမ်ယုန်သားစားတာဖြစ်ပြီး အတော်လေးအရသာကောင်းတာကြောင့် ညနေစာကိုအတော်လေးစားလိုက်သည်။

အစားအသောက်အားလုံးကုန်သွားသည့်တိုင်အောင် လူတိုင်းသည်မတင်းတိမ်သေးဘူးလို့ ခံစားရသည်။ ဒါပေမဲ့ အခုချိန်မှာတောင်ပေါ်ကအရာတွေအပါအဝင် အရာအားလုံးသည်စုပေါင်းသက်ဆိုင်တာကြောင့် ကျောက်ဟွာကယုန်သားစားတဲ့အကြောင်း အပြင်မှာလိုက်မပြောရန် အထူးသဖြင့် ရွာသားတွေအရှေ့မှာမပြောရန် အားလုံးကိုသတိပေးလိုက်သည်။

" ဒါပေမဲ့ ငါတို့ရဲ့အဖွဲ့ကအတော်လေးစာနာပါတယ် တောင်တွေကနေ အလေ့ကျဟင်းသီးဟင်းရွက်တွေ လွပ်လွတ်လပ်လပ်စုဆောင်းလို့ရတယ် မင်းတို့ရောက်လာတာနည်းနည်းနောက်ကျသွားလို့ နွေဦးမှာဆို တောင်တွေပေါ်မှာ အလေ့ကျဟင်းသီးဟင်းရွက်တွေအများကြီးရှိတယ် မတ်လနဲ့ဧပရယ်မှာ လယ်ကွင်းတွေမစိုက်ရသေးတာကြောင့် ငါတို့တွေနေ့တိုင်းတောင်ပေါ်သွားကြတယ် လူတိုင်းကအလေ့ကျအသီးအရွက်တွေအများကြီး စုမိဆောင်းမိကြတယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now