Chapter 32

1.9K 223 0
                                    

Chapter 32 – ပညာတတ်လူငယ်များနေရာ

.

အသံကိုကြားလိုက်ရတော့ ကျန်တဲ့သူတွေပင်ကျန်းကျွင်းမော့ကို စိုးရိမ်စိတ်နဲ့လှည့်ကြည့်လာကြသည်။

ကုရှန့်နန်သည်ထိုအခြေအနေကိုမြင်လိုက်ရတော့ အရှေ့တိုးသွားကာ လီဟုန်ကျွင်းကိုတောင်းဆိုလိုက်သည်။
" သူ့ကိုလှည်းပေးစီးလို့ရမလား? သူတကယ်မသက်မသာဖြစ်နေပြီး လမ်းမြန်မြန်မလျှောက်နိုင်လို့ပါ သူ့ကြောင့်နဲ့အားလုံးကိုနှောင့်နှေးစေလို့မဖြစ်ဘူးလေ"

လီဟုန်ကျွင်းသည်ကျန်းကျွင်းမော့ကို တစ်ချက်ကြည့်ပြီး အမှန်ပင်မသက်မသာဖြစ်နေတာမြင်လိုက်ရတော့ ဒီတစ်ခေါက်မှာမငြင်းဆိုခဲ့ပဲ ခေါင်းညိတ်လိုက်သည်။
" ဒါဆိုလဲတတ်ပါ ကျုပ်တို့မြန်မြန်ပြန်ရမယ် နေ့လည်အလုပ်အဆိုင်းအတွက် အချိန်မှီရောက်ရမှာ"

ကုရှန့်နန်သည်ကျန်းကျွင်းမော့ကို လှည်းပေါ်တတ်ရန်ကူညီပေးလိုက်သည်။ ကျန်းကျွင်းမော့သည်လမ်းဆက်မလျှောက်နိုင်တော့တာကြောင့် မငြင်းလိုက်တော့ပေ။
" ကျေးဇူးတင်ပါတယ်"

သူအားနည်းနေတာကိုမြင်လိုက်‌ရတော့ လီဟုန်ကျွင်းသည်မျက်မှောင်ကျုံ့သွားပြီး စကားအနည်းငယ်ထပ်ပြောလိုက်သည်။
" ကျုပ်တို့ရွာမှာဆေးပေးခန်းတစ်ခုရှိတယ် ခင်ဗျားရောက်လို့ရှိရင် အဲ့ဒီကိုသွားပြီး စစ်ဆေးကြည့်လို့ရတယ်"

ကျန်းကျွင်းမော့ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ကျေးဇူးတင်ပါတယ်"

လှည်းပေါ်မှာသူထိုင်ပြီးတာနဲ့ လီဟုန်ကျွင်းသည်ဆက်လက်မနှောင့်နှေးတော့ပဲ သူတို့ကိုဦးဆောင်ခရီးဆက်ခဲ့သည်။

ဒါပေမဲ့ သူကမြန်မြန်လျှောက်ချင်ရင်တောင် မြို့မှလာတဲ့ပညာတတ်လူငယ်များသည် အရင်ကဒီလောက်ခရီးရှည်ကြီးကိုတစ်ခါမှမလျှောက်ဖူးခဲ့တာကြောင့် လုံးဝမြန်မြန်မလျှောက်နိုင်ကြပေ။ အထူးသဖြင့် လမ်းလျှောက်နေရင်းနဲ့မကျေမနပ်ပြောဆိုပြီး ခေါင်းမာမာနဲ့လမ်းလျှောက်ဖို့ပင် ငြင်းဆန်ခဲ့တဲ့ ကျွမ်းဟုန်မိန်ပင်။

လုရှသည်သူမကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ထို့နောက် ချွေးတွေနစ်နေပြီး ဒေါသအနည်းငယ်ဖြစ်နေပေမဲ့ ဇွဲကောင်းနေဆဲဖြစ်သည့် စူးမန့်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now